
စစ်အာဏာရှင်ရဲ့ ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိကဝက်ဘ်ဆိုက်တွေ၊ ဒစ်ဂျစ်ငွေပေးချေမှုစနစ်တွေကို ဆိုက်ဘာ တိုက်ခိုက်ပြီး အချက်အလက်တွေခိုးယူ ငွေတောင်းခံခဲ့သူတယောက်ကို ဖမ်းမိထားတယ်လို့ စစ်အာဏာရှင်က အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇွန်လကနေ စက်တင်ဘာလအတွင်း ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာကောလိပ်၊ တက္ကသိုလ်၊ အလုပ်အကိုင်ရှာဖွေရေးနဲ့ တယ်လီကွန်း ဝက်ဘ်ဆိုက်တွေဆီက အချက်အလက်တွေကို တရားမဝင်ရယူပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့တယ် ဆိုပါတယ်။
ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူ ဝေဖြိုးအောင် (ခ) အောင်မျိုး ကို စက်တင်ဘာ ၁၀ ရက်မှာ ဖမ်းဆီး ရမိထားတယ်လို့ ဖော်ပြထားပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြား အတည်ပြုနိုင်တာ တော့ မရှိသေးပါဘူး။
ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတော် လုံခြုံရေးနဲ့ e-Government စနစ်အပေါ် သက်ရောက်မှု ရှိခဲ့တာကြောင့် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။











