DVB Logo
Home
Lead Story
မန္တလေး သပိတ်ရဲဘော် ၈ ဦးကို ထောင်ဒဏ် ၃၇ နှစ်စီချ
DVB
·
July 29, 2026
မန္တလေး သပိတ်ရဲဘော် ၈ ဦးကို ထောင်ဒဏ် ၃၇ နှစ်စီချ
Donate to DVB

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ မန္တလေးမြို့ လူထုသပိတ် ခေါင်းဆောင်လည်းဖြစ်တဲ့ ကိုထက်မြက်အောင် အပါအဝင် သပိတ်ရဲဘော် ၈ ယောက်ကို စစ်အာဏာရှင်တရားရုံးက ဇူလိုင် ၂၇ ရက်မှာ ထောင်ဒဏ် ၃၇ နှစ်စီ မတရား ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ကိုထက်မြက်အောင်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က မန္တလေးမြို့မှာ စစ်အာဏာရှင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ လချီ အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီးမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကစလို့ တရားရုံးမှာ တရားရင်ဆိုင်ခဲ့ရတာပါ။

သူ့ကို ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၃ (ခ) နဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် အနှစ် ၃၀၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ သပိတ်ရဲဘော် ၇ ဦးကိုလည်း အလားတူ ထောင်ဒဏ် ၃၇ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013