
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်မီ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားအလီမော့ဗ်ကို အမေရိကန်ပြည်ထောင်စုက ဗီဇာထုတ်မပေးခဲ့ပါဘူး။
ဒီလုပ်ရပ်ဟာ စိမ်းကားတဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က စက်တင်ဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂဌာနချုပ် တည်ရှိရာ အိမ်ရှင်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တာဝန်ဝတ္တရားတွေနဲ့ ဆန့်ကျင်နေတယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပဲ့စ်ကော့ဗ်က ပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဆီ တင်ပြဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။











