DVB Logo
Home
နိုင်ငံတကာ

ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများကို အခွန်သစ်တိုးကောက်ရန် အမေရိကန် ပြင်ဆင်

DVB
·
November 25, 2026
Photo: CCTV
Photo: CCTV
Donate to DVB

အမေရိကန်နိုင်ငံဟာ ကုန်သွယ်မှုမိတ်ဖက်နိုင်ငံတွေကို အခွန်သစ်တွေ တိုးကောက်ဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံရဲ့ ပို့ကုန်အခွန်ကောက်ခံမှုအသစ်မှာ အကြီးဆုံးကုန်သွယ်ဖက်တွေဖြစ်တဲ့ တရုတ်၊ ဥရောပနဲ့ ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံ ၁၄ နိုင်ငံထက်မနည်း ပါဝင်ဖွယ်ရှိပါတယ်။

အခွန်ကောက်ခံမဲ့ လှုပ်ရှားမှုဟာ အိမ်ဖြူတော်ရဲ့ ပုဒ်မ ၃၀၁ စုံစမ်းမှုပြီးတဲ့နောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါဟာ မတ်လတုန်းက အမေရိကန်တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လွတ်လပ်ရေးနေ့ အခွန်ကောက်ခံမှုက တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

ထရမ့်ပ်က သူ့ရဲ့ သမ္မတသက်တမ်းမှာ လက်မှတ်ထိုးပြီး အခွန်နှုန်းတိုးမြှင့်တဲ့ ပေါ်လစီက အမေရိကန်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုနဲ့ အလုပ်ဖန်တီးပေးနိုင်မှုကို တွန်းအားဖြစ်စေတယ်လို့ အငြင်းပွားစေခဲ့ပါတယ်။

ထရမ့်ပ်ဟာ သမ္မတအဖြစ် ပြန်လည်တာဝန်ယူပြီးနောက် အချိန်တိုအတွင်း ၂၀၂၅ ဧပြီလမှာ ကုန်သွယ်မှုမိတ်ဖက်ဖြစ်တဲ့ ကမ္ဘာ့နိုင်ငံတွေကို အခွန်တိုးကောက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အခွန်နှုန်းထားတွေ ပြန်လျှော့ခဲ့ပေမဲ့ အမေရိကန် ကုန်သွယ်မှုကိုယ်စားလှယ် ဂျေမီဆန်ဂရီးရားက ပြည်ပမှာ အလွန်အကျွံထုတ်လုပ်မှုတွေက အမေရိကန်ရဲ့ ထုတ်လုပ်မှုကို ထိခိုက်စေပြီး ရင်းနှီးမြှုပ်နှံမှုတွေကို တားဆီးရာရောက်တယ်လို့ တိုက်တွန်းထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ အခွန်နှုန်းထားသစ်ကြောင့် နိုင်ငံတွေဟာ ထရမ့်ပ်နဲ့ ပြီးခဲ့တဲ့ သဘောတူညီမှုအပေါ် အခြေခံပြီး အခွန်နှုန်းသတ်မှတ်မှု ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။

အခွန်တိုးမယ်လို့ ကြေညာတာက ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ပိုပြီး တိုးတက်လာဖွယ် ရှိပါတယ်။

ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံခဲ့ပေမဲ့ ၂ နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ ဖြေရှင်းမှုတွေတော့ မလုပ်ရသေးပါဘူး။

အမေရိကန်-တရုတ် ကုန်သွယ်မှု သဘောတူညီချက်က ဇန်နဝါရီ ၁၀ ရက်နေ့ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၅ အောက်တိုဘာလတုန်းက တောင်ကိုရီးယားနိုင်ငံမှာ သဘောတူထားတာတွေ အပြည့်အဝ မလုပ်ရသေးကြောင်း အမေရိကန်က ရှန်ကျန်းထိပ်သီး အစည်းအဝေး မတိုင်မီမှာ စွပ်စွဲထားပါတယ်။

တရုတ်ဟာ အမေရိကန်ရဲ့ လယ်ယာထွက်ကုန်တွေ ဝယ်ယူရေး၊ မြေရှားအရေးနဲ့ တခြား အရေးကြီး သတ္တုတွေ သဘောတူညီမှုကို ပျက်ကွက်တယ်လို့ အမေရိကန်က ပြောပါတယ်။

ဒါပေမဲ့ ဂယ်လီယံ၊ ဂါမာနီယံ၊ အန်တီမိုနီ စတဲ့ သတ္တုတွေကို ဇန်နဝါရီ ၂၇ ရက်အထိ တင်ပို့တာ ရပ်ဆိုင်းထားမှုကို တရုတ်နိုင်ငံက အင်္ဂါနေ့မှာ တိုးမြှင့်ထားပါတယ်။

ထရမ့်ပ်ရဲ့ အခွန်တိုးကောက်မှုတွေကြောင့် အမေရိကန်နိုင်ငံမှာရှိတဲ့ သုံးစွဲသူတွေအတွက် ကုန်ဈေးနှုန်းတက်သလို ကမ္ဘာ့စီးပွားရေးကို ပျက်စီးစေတယ်လို့ ဝေဖန်ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013