DVB Logo
Home
မြန်မာသတင်း
ဗဟန်းတွင် မောင်းလာသည့်ကားပေါ် သစ်ပင်လဲကျပြီး လူ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
July 27, 2026
Photo: MFSD
Photo: MFSD
Donate to DVB

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းပေါ်မှာ မောင်းလာတဲ့ကားပေါ် သစ်ပင်လဲကျတာကြောင့် လူတယောက် သေဆုံးခဲ့ပြီး တယောက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၇ ရက် မနက် ၁၀ နာရီကျော်က ဗဟန်းမြို့နယ်၊ ဆရာစံလမ်းပေါ်၊ ပုလဲကွန်ဒိုအနီးမှာ မောင်းလာတဲ့ လိုက်ထရပ်ကားပေါ်ကို ရုတ်တရက် သစ်ပင်လဲကျတာကြောင့် ယာဉ်မောင်းဖြစ်သူ အမျိုးသား သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါလာတဲ့ နောက်ထပ် လူငယ်တယောက်ဟာ လက်တွေနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်ကိုသိရှိတဲ့သူက “မောင်းလာရင်း ကားပေါ်ကို သစ်ပင်က လဲကျသွားတာ။ ရှောင်ချိန်မရတဲ့ အခြေအနေ။ ယာဉ်မောင်းအမျိုးသားကတော့ ဆုံးသွားတယ်။ ဒဏ်ရာရတဲ့ ကောင်လေးကလည်း သတိလစ်နေတာ တွေ့ရပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတာ” လို့ ပြောပါတယ်။

သေဆုံးသူဟာ ဦးကျော်သက် ဖြစ်ပြီး သေဆုံးရုပ်အလောင်းနဲ့ ဒဏ်ရာရရှိခဲ့တဲ့ အသက် ၁၆ နှစ်ဝန်းကျင်အရွယ် လူငယ်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013