DVB Logo
Home
နိုင်ငံတကာ
SpaceX ကို တရုတ်အမီလိုက်နေ၊ ဒုံးပျံဘူစတာ မြေပြင်ပေါ် ပြန်ဆင်းသက်
DVB
·
August 19, 2026
Photo: CCTV
Photo: CCTV
Donate to DVB

တရုတ်ပုဂ္ဂလိက အာကာသကုမ္ပဏီ LandSpace ဟာ ဩဂုတ် ၁၉ ရက်မှာ Zhuque-3 ဒုံးပျံရဲ့ ပထမအဆင့် အရှိန်တွန်းဘူစတာကို မြေပြင်ပေါ် အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။

ဘူစတာဆိုတာ ဒုံးပျံကို မြေပြင်ကနေ အာကာသဘက် အရှိန်ပြင်းပြင်းနဲ့ တွန်းတင်ပေးတဲ့ ပထမအဆင့် အင်ဂျင်ပိုင်းဖြစ်ပြီး အလုပ်ပြီးရင် ဒုံးပျံကနေ ခွဲထွက်သွားတာပါ။

အရင်က ဒီလိုဘူစတာတွေကို တကြိမ်သုံးပြီး စွန့်ပစ်ရတာဖြစ်ပေမဲ့ အခုလို ပြန်ဆင်းပြီး ထပ်သုံးနိုင်ရင် ဒုံးပျံလွှတ်တင်စရိတ်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။

LandSpace ဟာ ဒုတိယအကြိမ် ကြိုးပမ်းမှုမှာ အောင်မြင်ခဲ့တာဖြစ်ပြီး SpaceX နဲ့ Blue Origin တို့နောက် ကမ္ဘာပတ်လမ်းကြောင်းသုံး ဘူစတာကို ပြန်လည်ဆင်းသက်နိုင်တဲ့ ပုဂ္ဂလိက အာကာသကုမ္ပဏီတခု ဖြစ်လာပါတယ်။

အမြင့် ၆၆ ဒသမ ၁ မီတာရှိတဲ့ သံမဏိကိုယ်ထည် Zhuque-3 ကို တရုတ်အနောက်မြောက်ပိုင်း တုန်းဖန် Commercial Space Innovation Pilot Zone ကနေ လွှတ်တင်ခဲ့တာပါ။

အင်ဂျင် ၉ လုံးပါတဲ့ ပထမအဆင့် ဘူစတာဟာ ဒုံးပျံကနေ ခွဲထွက်ပြီးနောက် လွှတ်တင်ရာနေရာကနေ ၃၉၀ ကီလိုမီတာလောက်ဝေးတဲ့ ကန်စုပြည်နယ်ထဲက သတ်မှတ်ဆင်းသက်ရာ နေရာကို ပြန်ဆင်းနိုင်ခဲ့ပါတယ်။

LandSpace က Zhuque-3 ဘူစတာတခုကို အကြိမ် ၂၀ အထိ ပြန်သုံးနိုင်ဖို့ ရည်မှန်းထားပြီး ဒီနည်းပညာက ဂြိုဟ်တုတွေကို စရိတ်သက်သာစွာနဲ့ ပိုမကြာခဏ လွှတ်တင်နိုင်ဖို့ အရေးကြီးပါတယ်။

အီလွန်မတ်စ်ခ်ရဲ့ SpaceX ကတော့ Falcon 9 ဒုံးပျံဘူစတာတွေကို အကြိမ်ပေါင်းများစွာ ပြန်သုံးနေပြီး ဒီနည်းပညာကြောင့် အာကာသပို့ဆောင်ရေးမှာ ကုန်ကျစရိတ်ကို အများကြီး လျှော့ချနိုင်ခဲ့ပါတယ်။

တရုတ်ဟာ ဇူလိုင် ၁၀ ရက်ကလည်း Long March-10B အရှိန်တွန်းဘူစတာကို ပင်လယ်ပြင်မှာ “net and cable” စနစ်နဲ့ ပြန်လည်ရယူနိုင်ခဲ့ပြီး အခု Zhuque-3 အောင်မြင်မှုကတော့ မြေပြင်ပေါ် ကိုယ်တိုင်ပြန်ဆင်းနိုင်တဲ့ ပြန်လည်အသုံးပြုဒုံးပျံနည်းပညာမှာ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013