DVB Logo
Home
နိုင်ငံတကာ
အီဘိုလာရောဂါ အတည်ပြုလူနာ တွေ့ရှိပြီးနောက် ကွန်ဂိုတွင် ကျန်းမာရေး စစ်ဆေးမှု တင်းကျပ်
DVB
·
May 21, 2026
Photo: REUTERS/Arlette Bashizi
Photo: REUTERS/Arlette Bashizi
Donate to DVB

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းက M23 အဖွဲ့ သိမ်းပိုက်ထားတဲ့ ဂိုမာမြို့ထဲမှာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အတည်ပြုလူနာတယောက် တွေ့ရှိခဲ့တာကြောင့် မေ ၂၀ ရက်မှာ အစိုးရထိန်းချုပ်တဲ့ ဒေသဘက်ကနေ မြို့ထဲကို ဝင်လာတဲ့ ဒေသခံတွေကို ရောဂါကူးစက်မှုမပြန့်အောင် ကျန်းမာရေးစစ်ဆေးမှုတွေကို အရင်ကထက် ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်။

ဂိုမာမြို့ မြောက်ဘက်၊ အစိုးရထိန်းချုပ် ညီရာဂွန်ငို နယ်မြေကနေ မြို့ထဲကိုဝင်ဖို့ အဓိကဂိတ်တခုဖြစ်တဲ့ ကန်ညာရုရှင်ညာ စစ်ဆေးရေးဂိတ်မှာ ကားသမားတွေနဲ့  ခရီးသည်တွေကို ကားပေါ်ကဆင်းခိုင်းပြီး လက်ဆေး၊ နှာခေါင်းစည်းတပ်ကာ အပူချိန် တိုင်းပြီးမှ ခရီးဆက်ခွင့် ပြုပါတယ်။

ဂိုမာမြို့တော်ခန်းမမှာလည်း ကျန်းမာရေးသန့်ရှင်းမှု စစ်ဆေးတာတွေကို လုပ်ဆောင်နေပြီး ဒေသခံတွေရော ဝန်ထမ်းတွေပါ သတ်မှတ်ထားတဲ့ ကာကွယ်ရေးစည်းကမ်းတွေကို မလိုက်နာရင် ဝင်ရောက်ခွင့် မပြုပါဘူး။

လူဦးရေ ၂ သန်းကျော်ရှိပြီး ရဝမ်ဒါနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဟာဗျူဟာမြောက် ကုန်သွယ်ရေးမြို့ကြီးထဲမှာ ရောဂါကူးစက်မှု မရှိစေရအောင် ကာကွယ်ဖို့ရည်ရွယ်ပြီး စီစဉ်ထားတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတွေမှာ အီဘိုလာရောဂါ  သံသယလူနာ ၆၀၀ ရှိနေပြီး သေဆုံးသူလို့ သံသယရှိရသူ ၁၃၉ ယောက် ရှိနေပြီဖြစ်ပါတယ်။

ရှားပါးတဲ့ ဘွန်ဒီဘူဂျို မျိုးဗီဇကြောင့် ဖြစ်ပွားတဲ့ ဒီရောဂါဟာ အီတူရီပြည်နယ်မှာ အဓိကဖြစ်ပွားနေပြီး ဂိုမာမြို့မှာတော့ အတည်ပြုလူနာ တယောက်ပဲ တွေ့ရပါတယ်။

WHO ကတော့ ဒီရောဂါပိုးဟာ ရောဂါလက္ခဏာ မဖော်ပြဘဲ ရက်သတ္တပတ် တော်တော်ကြာအောင် ပျံ့နှံ့နေခဲ့တာဖြစ်လို့ အခုအခြေအနေကို နိုင်ငံတကာက သတိထားရမဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပါတယ်။

လောလောဆယ်မှာတော့ ဘွန်ဒီဘူဂျို မျိုးဗီဇအတွက် အတည်ပြုပေးထားတဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013