DVB Logo
Home
နိုင်ငံတကာ
အပူလှိုင်းကြောင့် တိုကျိုတိရစ္ဆာန်ရုံက ခြင်္သေ့ ၃ ကောင် သေဆုံး
DVB
·
August 5, 2026
Photo : Tokyo Zoological Park Society
Photo : Tokyo Zoological Park Society
Donate to DVB

ဂျပန်နိုင်ငံ၊ တိုကျိုအနောက်ပိုင်းက တာမာတိရစ္ဆာန်ရုံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ခြင်္သေ့မ ၃ ကောင် သေဆုံးခဲ့ပါတယ်။

အသက် ၃ နှစ်အရွယ် မူဂီက ဇူလိုင် ၂၈ ရက်၊ အသက် ၁၁ နှစ်အရွယ် အီချီဂိုက ဇူလိုင် ၃၁ ရက်နဲ့ အသက် ၁၅ နှစ်အရွယ် လူအဲနာက ဩဂုတ် ၂ ရက်မှာ သေဆုံးခဲ့တာပါ။

စစ်ဆေးချက်တွေအရ ခြင်္သေ့တွေဟာ ရေဓာတ်အလွန်ခန်းခြောက်ပြီး ကိုယ်တွင်းအင်္ဂါအများအပြား အလုပ်မလုပ်တော့တာကို တွေ့ရပါတယ်။

အပူဒဏ်က အဓိကအကြောင်းရင်း ဖြစ်နိုင်ပေမဲ့ စမ်းသပ်ချက်ရလဒ် မထွက်သေးလို့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။

ဒါဟာ တိရစ္ဆာန်ရုံရဲ့ ၆၂ နှစ်ကြာ ခြင်္သေ့မွေးမြူခဲ့တဲ့ သမိုင်းတလျှောက်မှာ ပထမဆုံးဖြစ်ရပ်ပါ။

ပြီးခဲ့တဲ့ ဇူလိုင်လလယ်က အပူချိန် ရုတ်တရက်မြင့်တက်ခဲ့ပြီး ၃၉ ဒီဂရီဆဲလ်စီးယပ်စ်နီးပါးအထိ ရောက်ရှိခဲ့ပါတယ်။

စိုထိုင်းဆ မြင့်မားတာကြောင့် ခြင်္သေ့တွေ ကိုယ်အပူချိန်ထိန်းဖို့ ခက်ခဲတယ်လို့ တိုကျိုတက္ကသိုလ်က တိရစ္ဆာန်ဆေးပညာရှင် ဟီဒေအာကီ ကာရာကီက ပြောပါတယ်။

တိရစ္ဆာန်ရုံက ခြင်္သေ့ ၁၆ ကောင်အနက် အများစုဟာ နေမကောင်းဖြစ်လာပြီး ဩဂုတ် ၃ ရက်အထိ ၃ ကောင်ကတော့ အခြေအနေ မကောင်းသေးပါဘူး။

တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ဇူလိုင် ၂၃ ရက်မှာ ခြင်္သေ့ပြသမှုနဲ့ ဆာဖာရီဘတ်စ်ကား ဝန်ဆောင်မှု ကို ရပ်ဆိုင်းခဲ့ပြီး လေအေးပေးစက်နဲ့ ပန်ကာတွေ တပ်ဆင်ပေးထားပါတယ်။

ဒီနှစ် နွေရာသီမှာ ဂျပန်တနိုင်ငံလုံး အပူလျှပ်ဝေဒနာကြောင့် လူ ၄၃,၀၀၀ ကျော် ဆေးရုံ တင်ခဲ့ ရပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013