
ပညာရေးဆိုင်ရာ ရန်ပုံငွေ မညီမျှမှုတွေနဲ့ ပတ်သက်ပြီး ဆက်ဖြစ်နေတဲ့ ဆန္ဒပြမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် ပါရီမြို့က အထက်တန်းကျောင်းသားတွေက အောက်တိုဘာ ၁၂ ရက်မှာ သူတို့ကျောင်းကို ဝင်လို့မရအောင် ပိတ်ဆို့ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေတဲ့ ဆန္ဒပြမှုတွေက ကျောင်းတွေအတွက် အရင်းအမြစ်တွေ ပိုမိုရရှိရေးနဲ့ ပညာရေးမူဝါဒတွေမှာ ကျောင်းသားတွေရဲ့အသံကို ပိုအလေးထား အသိအမှတ်ပြုရေးတို့အတွက် ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကနေ ပေါ်ပေါက်လာတာပါ။
မြို့တော်ရဲ့ ခရိုင် ၂၀ မြောက်ထဲက အီလင်း ဘူရှီ အထက်တန်းကျောင်း အပြင်ဘက်မှာ ဆန္ဒပြသူတွေက အခုတပတ်အတွင်း စမ်းသပ်စာမေးပွဲတွေ ရှိနေပေမဲ့ ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။
ဆန္ဒပြသူ အယ်လ် ကာယာနီက “ကျနော်တို့ဟာ နိုင်ငံသားဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေ၊ အလုပ်နဲ့ စည်းကမ်းလိုက်နာမှုတွေကို တပြိုင်နက်တည်း မျှတအောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို သိရှိနားလည်ထားသူတွေပါ” လို့ ပြောခဲ့ပါတယ်။
Source: Reuters











