ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှိမတ်စုမိုတဲဂျိဟာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်နဲ့ တိုကျိုမြို့တော်မှာ ဧပြီ ၂၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်ပြီး နှောင့်နှေးနေလို့ အာရှ-ပစိဖိတ် ဒေသအတွင်း စွမ်းအင်ဖြန့်ဖြူးရေး ကွင်းဆက်တွေအပေါ် ဖိအားပေးသလို ဖြစ်နေချိန်မှာ တွေ့ခဲ့တာပါ။
ဟော်မုဇ်ရေလက်ကြားက ပင်လယ်ရေကြောင်းသွားလာရေးကို ဆက်ပြီး ပိတ်ထားလို့ ဩစတြေးလျနဲ့ ဂျပန်ကြားဆက်ဆံရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေမယ်လို့ ဝေါင်က ပြောပါတယ်။
လာမဲ့သီတင်းပတ်မှာ ဂျပန်ဝန်ကြီးချုပ် စာနာအဲ တာကာအိချိက ဩစတြေးလျမြို့တော် ကင်ဘာရာကို လာမလည်ခင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး ပေါ်ပေါက်လာတာပါ။
လောင်စာအများစုကို တင်သွင်းနေရတဲ့ ဩစတြေးလျနိုင်ငံဟာ ဖေဖော်ဝါရီလမှာ စတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း ပြတ်လပ်မှုတွေကို ရင်ဆိုင်နေရပါတယ်။
Source: Reuters











