DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့နယ်၌ ကျောင်းဆင်းချိန် စစ်တပ် ဗုံးကြဲ၊ ကျောင်းသား ၅ ဦး ထက်မနည်း သေဆုံး
DVB
·
June 7, 2026
Photo: လူထုသတင်းကွန်ရက် (မလှိုင်မြို့)
Photo: လူထုသတင်းကွန်ရက် (မလှိုင်မြို့)
Donate to DVB

မန္တလေးမြို့နယ်၊ မလှိုင်မြို့နယ်ကို ဇွန် ၆ ရက် ညနေပိုင်း ကျောင်းဆင်းချိန်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေ အပါအဝင် ၅ ယောက် ထက်မနည်း သေဆုံးခဲ့သလို ဒဏ်ရာရသူတွေ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ညနေ ၃ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာ ၂ စင်းက မလှိုင်နယ်မြောက်ခြမ်းက သရက်ကောင်းပင်ရွာထဲကို ဗုံး ၄ လုံး ကြဲသွားတာမှာ ၃ လုံးကွဲခဲ့တာမှာ ရွာထဲက အိမ် ၆ လုံးလောက် ပျက်စီးပြီးတော့ ကုန်စုံဆိုင်တဆိုင်က လင်မယား ၂ ယောက် နေရာမှာတင် သေဆုံးသွားတယ်လို့ လူထုသတင်းကွန်ရက်(မလှိုင်မြို့) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

“ဗုံးကြဲတဲ့အချိန်က ညနေ ၃ နာရီခွဲလောက် ကျောင်းဆင်းချိန်ဖြစ်နေလို့ ကျောင်းပြန်လာကြတဲ့ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် ၁၈ ယောက်လောက် ဒဏ်ရာအပြင်းအထန်ရပါတယ်။ ညဦးပိုင်းမှာတော့ အဲဒီကလေးတွေထဲက ၅ ယောက် ဆုံးသွားတယ်လို့ သတင်းပို့လာပါတယ်။ နောက်ထပ်လည်း စိုးရိမ်ရတဲ့ကလေးတွေ ရှိသေးတယ်။” 

အဆိုပါ သရက်ကောင်းပင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲနေတာ မရှိဘူးလို့လည်း ဆိုပါတယ်။

မလှိုင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “အကြမ်းဖက်စစ်တပ်ဘက်က အခုလို လေကြောင်း တိုက်ခိုက်တာဟာ ကျောင်းဆင်းချိန်နဲ့တိုက်ဆိုင်ပြီး ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာပါ။ ဗုံးမကြဲခင်အရင်ရက်က ကင်းထောက်လေယာဥ် လာသေးတယ်။ အခု ဗုံးကြဲခံရတဲ့ဖြစ်စဥ်ကို စုံစမ်းလိုက်တဲ့အခါမှာ စစ်လော်ဘီတွေရဲ့ သတင်းမှားပေးတာလို့တော့ သိရတယ်။ ကျနော်တို့ဘက်ကတော့ မလှိုင်မြို့နယ်ထဲက စာသင်ကျောင်းတွေ အားလုံးမှာရှိတဲ့ စစ်တပ်လက်အောက်ခံ Non CDM ပညာရေးဝန်ထမ်းတွေကို နှောင့်ယှက်တာတွေ မလုပ်ဘဲ ကျောင်းပညာကိုပဲ ဦးစားပေးပြီး လွတ်လွတ်လပ်လပ် သင်ကြားပေးကြဖို့မှာ ကြားထားပြီးလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မလှိုင်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကို စစ်တပ်က လေကြောင်းတိုက်မှု ၅ ကြိမ်မနည်း ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးခဲ့တယ်လို့လည်း လူထုသတင်းကွန်ရက် (မလှိုင်မြို့) ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013