
ဝေလအသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲမှာ အရေးနိမ့်မှုနဲ့ စတင်ခဲ့ရပေမဲ့ ဝေလနည်းပြ ဘယ်လာမီက တော့ ကစားသမားတွေရဲ့ ပေးဆပ်မှုကို ဂုဏ်ယူကြောင်းနဲ့ အသင်းအနေနဲ့ ဒီထက်မက ပိုမို တိုးတက် လာဖို့ ရှိသေးကြောင်း ပြောပါတယ်။
ဝေလအသင်းဟာ မနေ့က နေးရှင်းလိဂ် အဖွင့်ပွဲစဉ်မှာ ပေါ်တူဂီအသင်းကို (၁-၀ ) ဂိုးနဲ့ ကပ်ရှုံးခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာရ ကစားသမားများပြားနေတဲ့ ဝေလအသင်းဟာ ပွဲအများစုမှာ ဖိအားပေးခံခဲ့ရပေမဲ့ အဆုံးထိ အစွမ်းကုန် ရုန်းကန်ခဲ့တာပါ။
ဒီပွဲမှာ အိမ်ရှင် ပေါ်တူဂီအတွက် အနိုင်ဂိုးကို ဂျိုအိုဖီးလစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲအတွင်း ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သွင်းဂိုးတဂိုးကို VAR စစ်ဆေးပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။
ဝေလအသင်းဘက်ကလည်း ဘရန်နန်ဂျွန်ဆင်နဲ့ ခူးမက်စ်တို့ရဲ့ ကန်ချက်တွေ ဂိုးမဝင်ခဲ့လို့ ချေပဂိုးနဲ့ လွဲချော်ခဲ့ရတာပါ။
Photo:Reuters










