
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အချိန်နဲ့အမျှ ပြောင်းလဲလာပုံကို ACLED ရဲ့ Conflict event data ကို အခြေခံကာ DVB က ပြုစုထားတဲ့ လေ့လာသုံးသပ်ချက် အစီရင်ခံစာကို ဇူလိုင် ၉ ရက် ဒီကနေ့မှာ ထုတ်လိုက်ပါတယ်။
ဒီအစီရင်ခံစာကို "Changing Conflict Dynamics in Myanmar: An Analysis of Armed Clashes and Military Airstrikes (February 2021 – June 2026)" လို့ အမည်ပေးထားပြီး အောက်ပါအကြောင်းအရာတွေ ပါဝင်ပါတယ်။
• လက်နက်ကိုင်တိုက်ပွဲ (Armed Clashes) များ၏ နှစ်အလိုက် ပြောင်းလဲလာမှု
• ပဋိပက္ခဖြစ်ပွားရာ နယ်မြေများ ပျံ့နှံ့ပြောင်းလဲလာပုံ
• စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု (Military Airstrikes) အခြေအနေ
• မြေပြင်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြား ဆက်စပ်ပြောင်းလဲလာသော ပဋိပက္ခပုံစံတွေကို အချက်အလက်တွေအပေါ် အခြေခံကာ ခွဲခြမ်းစိတ်ဖြာ တင်ပြထားပါတယ်။
အစီရင်ခံစာ အပြည့်အစုံ ဖတ်ရှုရန်
https://drive.google.com/file/d/16DDM1iM8TDzRS0UW9iZW2eSjCpUXrGU1/view?usp=drive_link










