မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် မိုက်ကယ်ကာရစ်ကို ခန့်အပ်ဖို့ အမှုဆောင်အရာရှိ ၂ ယောက်ဖြစ်တဲ့ အိုမာဘာရာဒါနဲ့ ဂျေဆန်ဝီလ်ကောက်စ်တို့က ပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ကို ဒီတပတ်မှာ အကြံပြုသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ရူဘင်အာမိုရင် ထုတ်ပယ်ခံရပြီးနောက် အသက် ၄၄ နှစ်အရွယ် ကာရစ်ဟာ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တာပါ။
သူ့လက်အောက်မှာ ၁၅ ပွဲ ကစားရာကနေ ၁၀ ပွဲအထိ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၇ ကနေ အဆင့် ၃ အထိ တက်လှမ်းနိုင်ခဲ့သလို လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။
လူငယ်ကစားသမား ပြုစုပျိုးထောင်ရေးနဲ့ ကာလရှည် စီမံကိန်းတွေအပေါ် ကာရစ်ရဲ့ လုပ်ဆောင်ချက်တွေကို အသင်းတွင်းမှာ ချီးကျူးနေကြပြီး ရက်ကလစ်ဖ်သာ သဘောတူခဲ့ရင် တရားဝင်ဆွေးနွေးမှုတွေ စတင်သွားမယ်လို့ The Athletic သတင်းမှာ ဖော်ပြထားပါတယ်။











