DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် မြောက်ကိုရီးယား ဆွေးနွေးပွဲ ပြန်စမည့် အရိပ်အမြွက်ပြနေ
DVB
·
September 2, 2026
Photo: REUTERS/Lim Huey Teng
Photo: REUTERS/Lim Huey Teng
Donate to DVB

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်တဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်လို့ ဆိုးလ်အမျိုးသားထောက်လှမ်းရေးဌာန (NIS) မှ ဥပဒေပြုအမတ် ယွန်းဂွန်းယောင်းက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။

နှစ်နိုင်ငံအကြား အသေးစိတ် ဆက်သွယ်မှုတွေကို အတည်မပြုနိုင်သေးပေမဲ့ ဆွေးနွေးပွဲ လမ်းကြောင်း ပေါ်ထွက်လာမဲ့ အလားအလာတွေ ရှိနေတယ်လို့ လွှတ်တော်အမတ် ယွန်းဂွန်းယောင်း က ပြောပါတယ်။

ဒါ့အပြင် ကင်မ်ဂျုံအန်းရဲ့ သမီးဖြစ်သူ ကင်မ်ဂျူအဲဟာ အရိုက်အရာဆက်ခံသူအဖြစ် လျာထားတဲ့ လုပ်ငန်းစဉ်ထဲ ရောက်ရှိနေပြီး၊ ပြည်သူတွေရဲ့ စိတ်ထဲမှာ အနာဂတ်ခေါင်းဆောင်အဖြစ် စွဲထင်သွားစေဖို့ နိုင်ငံပိုင်မီဒီယာတွေမှာ မကြာခဏ ပွဲထွက်ပြသနေတာလို့ NIS က ယူဆထားပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားကြား နှစ်စဉ် ပြုလုပ်နေကျ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေကို အတော်အတန် လျှော့ချဖို့ ညွှန်ကြားခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နဲ့ ဒီနှစ်ကုန်ပိုင်းမှာ တွေ့ဆုံဖို့ အစီအစဉ် ရှိတယ်လို့  ပြောခဲ့တာပါ။ 

ပြုံးယမ်းအနေနဲ့ သမ္မတ ထရမ့်ပ်နဲ့ ဆွေးနွေးပွဲလမ်းကြောင်းပေါ် ရောက်နေတာကြောင့် ယူကရိန်း စစ်ပွဲထဲ စစ်ကူ ထပ်မံစေလွှတ်ဖို့ “ဖြစ်နိုင်ခြေ အရမ်းနည်းတယ်” လို့ NIS က သုံးသပ်ပေမဲ့ အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်သေးကြောင်း လွှတ်တော်အမတ် ယွန်းဂွန်းယောင်း ပြောပါတယ်။

နောက်ထပ် လွှတ်တော်အမတ် တယောက်ဖြစ်တဲ့ ယူးယောင်းကလည်း ထောက်လှမ်းရေးအဖွဲ့ဟာ မြောက်ကိုရီးယား အာဏာရပါတီရဲ့ အတွင်းပိုင်း နံပါတ်တွေနဲ့ ဒုံးကျည်ရဲ့ အသေးစိစိတ်ပုံစံ ( Blue Print) ကို ရရှိထားပြီး လက်ရှိမှာ ဆန်းစစ်လေ့လာနေတယ်လို့ သတင်းထောက်တွေကို ပြောပြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013