DVB Logo
Home
နိုင်ငံတကာ
သွေးစွန်းခေါင်းဆောင်များ၏ ဆုတောင်း ဘုရားလက်မခံဟု ပုပ်ရဟန်းမင်းကြီး မိန့်
DVB
·
March 30, 2026
Photo: REUTERS/Francesco Fotia
Photo: REUTERS/Francesco Fotia
Donate to DVB

 

စစ်ပွဲတွေ စတင်ပြီးတော့ “လက်မှာ သွေးအပြည့်စွန်းထင်းနေတဲ့” ခေါင်းဆောင်တွေရဲ့ ဆုတောင်းကို ဘုရားသခင်က လက်ခံတော်မမူဘူးလို့ ပုပ်ရဟန်းမင်းကြီး လီယိုက မတ် ၂၉ ရက်မှာ မိန့်ကြားပါတယ်။

အီရန်စစ်ပွဲ ဒုတိယလထဲ ဝင်လာချိန်မှာ ကမ္ဘာတဝန်းက ကက်သလစ်ဘာသာဝင် ၁ ဒသမ ၄ ဘီလီယံရဲ့ ရဟန်းမင်းက ဘယ်ခေါင်းဆောင်တွေရယ်လို့ နာမည်မတပ်ဘဲ အခုလို မိန့်တာ ဖြစ်ပါတယ်။

အီစတာပွဲတော်အကြို သန့်ရှင်းသောရက်သတ္တပတ် အစပြုတဲ့ Palm Sunday နေ့ စိန့်ပီတာရင်ပြင်မှာ ဟောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပဋိပက္ခဟာ ရက်စက်ကြမ်းကြုတ်တယ်လို့ သတ်မှတ်ပြီး စစ်ပွဲတွေကို အကြောင်းပြဖို့ ခရစ်တော်ကို အသုံးချလို့ မရဘူးလို့ ဆိုပါတယ်။

အမေရိကန်နွယ်ဖွား ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်တဲ့ လီယိုက “ငြိမ်းချမ်းရေးရဲ့ အရှင်ဘုရင် ဖြစ်တဲ့ ယေရှုခရစ်တော်ဟာ စစ်ပွဲကို ပယ်ချတယ်၊ စစ်ပွဲကို အကြောင်းပြဖို့ ဘယ်သူမှ သူ့ကို အသုံးချလို့ မရဘူး” လို့ မိန့်ပါတယ်။

ဟေရှာယအနာဂတ္တိကျမ်း ၁:၁၅ (အခန်း ၁ ၊ စာကြောင်းရေ ၁၅ ပါ) “သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါ နားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏” ဆိုတဲ့ စာပိုဒ်ကို ရဟန်းမင်းက ဟောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းက ခရစ်ယာန်တွေ အီစတာပွဲတော် မဆင်နွှဲနိုင်ဘဲ ဒုက္ခရောက်နေရတာကို ဝမ်းနည်းကြောင်း ပြောသလို လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ မတ် ၃၀ ရက်မှာ ပုပ်ရဟန်းမင်းက ထပ်မံတောင်းဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် ပူးတွဲတိုက်ခိုက်မှုတွေကို အကြောင်းပြဖို့ အမေရိကန် တာဝန်ရှိသူတချို့က ဘာသာရေးအသုံးအနှုန်းတွေကို သုံးစွဲခဲ့ကြပါတယ်။

“ညှာတာဖို့ မထိုက်တန်သူတွေကို အပြင်းထန်ဆုံး အကြမ်းဖက်နှိမ်နင်းဖို့” ဆိုပြီးတော့ ပင်တဂွန်စစ်ဌာနချုပ်မှာ ခရစ်ယာန်ဆုတောင်းပွဲတွေ ဦးဆောင်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆီသ်က မတ် ၂၅ ရက် ဆုတောင်းပွဲမှာ ဆုတောင်းခဲ့ပါတယ်။

ယေရှုခရစ်တော် ဖမ်းဆီးခံရခါနီးအချိန် လာဖမ်းတဲ့သူကို ဓားနဲ့ခုတ်တဲ့ တပည့်တယောက်ကို ဆုံးမခဲ့တဲ့ ကျမ်းစာပိုဒ်ကို ပုပ်ရဟန်းမင်းကြီး လီယိုက ကိုးကားပြီးတော့ အကြမ်းဖက်မှုကို ဘုရားသခင်က ဘယ်တော့မှ လက်မခံကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013