DVB Logo
Home
ဘောလုံး
ရီးရဲလ်နှင့် ချိတ်ဆက်မှု သတင်းများအပေါ်  ကလော့ပ်ငြင်းဆို 
DVB
·
March 24, 2026
Photo:Reuters
Photo:Reuters
Donate to DVB

လီဗာပူးနည်းပြဟောင်း ဂျာဂန်ကလော့ပ်က သူ့ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ယာယီနည်းပြ အာဘီလိုအာ နေရာမှာ အစားထိုးမယ်ဆိုတဲ့ သတင်းတွေအပေါ် အလွန်အမင်း စိတ်ဆိုးဒေါသ ထွက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျာမနီမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ကလော့ပ်က ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ထံက ဖုန်းတခါမှ မလာဘူးကြောင်းနဲ့ ဒီသတင်းတွေဟာ မီဒီယာတချို့က လုပ်ကြံရေးသားထားတဲ့ “အဓိပ္ပာယ်မရှိတဲ့ အမှိုက်တွေ” သာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာပါ။

လက်ရှိမှာ Red Bull အဖွဲ့အစည်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဌာန အကြီးအကဲအဖြစ် တာဝန်ယူ နေတဲ့ ကလော့ပ်ဟာ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရုပ်သံဝေဖန်ရေးပညာရှင်အဖြစ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

သူက ရီးရဲလ်နဲ့ သတင်းတွေကို ငြင်းဆိုခဲ့သလို Red Bull ကနေ မကြာခင် ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကိုလည်း အချက်အလက်မရှိတဲ့ ရေးသားမှုတွေအဖြစ် ပယ်ချခဲ့ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013