DVB Logo
Home
မြန်မာသတင်း
ဝက်လက်၊ မူးဖျားဒေသက လယ်ဧက ၁,၀၀၀ ကျော် ဆည်ရေမရသဖြင့် အခက်တွေ့
DVB
·
July 26, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မူးဖျားဒေသက လယ်ဧက ၁,၀၀၀ ကျော်ဟာ ဆည်ရေမရရှိတဲ့အတွက် မိုးစပါး စိုက်ပျိုးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

မြောင်းမတော်(မူးမကြီး)ကနေ ဆည်ရေမလွှတ်ပေးတဲ့အတွက် မိုးစပါးစိုက်ပျိုးဖို့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

မူးဖျားဒေသက တောင်သူလယ်သမားတွေ မိုးစပါးစိုက်ပျိုးဖို့ ရေလိုအပ်ချက်အရ ၅ ရက်သီးသန့် ရေလွှတ်ပေးမယ်လို့ ဆည်တာဝန်ရှိသူတွေကပြောထားပေမဲ့ ဆည်ရေက လယ်ဧက ၁,၀၀၀ အတွက် အဆင်မပြေဘူးလို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

ရေတွင်းကုန်းကျေးရွာနေ ကိုငြိမ်းချမ်းအောင်က “အာဏာသိမ်းတဲ့ ၅ နှစ်တာကာလမှာ လုပ်ရတဲ့  ကျနော်တို့ တောင်သူတွေ ရေရရှိမှုက  ခေတ်ကောင်းတုန်းကထက် အများကြီးကို ကွာခြားမှုတွေ ရှိနေတယ်။ အစတုန်းကဆိုရင် ရေပုံမှန်လာတဲ့အတွက် အဆင်ပြေတယ်။ အခုဆိုလို့ရှိရင် စက်တွေ ပျိုးပင်ထောင်ဖို့အတွက် စက်တွေနဲ့ မောင်းပြီးတော့ကို ထောင်နေရတာဖြစ်တဲ့အတွက် လုံးဝကို အဆင်မပြေတော့ဘူး။ ကျနော်တို့ကို ပြောထားတာ ၅ ရက်လောက်လို့ သူတို့ ပြောထားတာပဲ။ ပုံမှန်လိုကတော့ မလာပါဘူး။ မိုးဆိုတာလည်း ကျနော်တို့ ကွင်းရေလဲအောင် တော်တော်ကို ရွာမှ ကျနော်တို့ အဆင်ပြေမှာ။ အခုအတိုင်းဆိုရင် ပပ်ကြားတောင်စေ့မှာ မဟုတ်ပါဘူး မိုးရွာတာ။ ရေကိုတော့ ပုံမှန်လာချင်တာ ပေါ့။ အထက်ကလည်း ၅ ရက်လို့ ပြောတာ ဒီဧက ၁,၀၀၀ အားကြီးနဲ့ က အဆင်မပြေဘူး။ ၅ ရက်ထဲနဲ့၊ စစ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း မူးမြောင်းထိန်းသိမ်းမှုမရှိတော့တာ၊ စည်းကမ်းမဲ့ ပြွန်ပိုတွေတပ်ဆင်တာနဲ့ မူးမြောင်းအတွင်း ခြုံနွယ်ပိတ်ပေါင်းတွေ ဖုံးလွှမ်းတာတွေကြောင့် အမြင့်ပိုင်းလယ်ယာမြေအားလုံး ရေရှိဖို့ ခက်ခဲတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်” လို့ ပြောပါတယ်။

လှတွေကျေးရွာနေ ဦးကျော်က “ဟိုခေတ်တုန်းက မူးချောင်းတွေ ကုတ်တယ်။ မူးချောင်းတွေ ချဲ့တယ်။ ပြီးတော့ ဒီလမ်းကြောင်းကနေ ဂေါ်ကုတ်တယ်။ ချဲ့တဲ့ဟာတွေ ချဲ့တော့ အမြင့်သမားတွေက ဘယ်လို့မှ ရေ မရတော့ဘူး။  အခုကျတော့ ဘယ်လိုဖြစ်လဲဆိုတော့  ဒီကလယ်သမားတွေက ရေမောင်းချင်တယ်။ အခုက ကားကြီးတွေက သွားနေတယ်။ မနှစ်က ပိုက်တွေ ကွဲကျ ပြုကျ။ ဘယ်လို့မှ လုပ်လို့မရဘူး”လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၁၄၀,၀၀၀ ကျော်ရှိပြီး လှ‌တွေ၊ ခါးတောက်ကုန်း၊ လေးတဲ၊ ရေဆိုးကုန်း၊ ရေတွင်းကုန်း စတဲ့ မူးဖျားကျတဲ့ ကျေးရွာတွေဟာ မိုးစပါးစိုက်ပျိုးဖို့ ရေအခက်အခဲတွေ ရင်ဆိုင်နေရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013