
အီရန်နဲ့ အမေရိကန်-အစ္စရေးစစ်ပွဲ ဆက်ဖြစ်နေချိန် ဧပြီ ၆ ရက် မနက်စောစောမှာ အစ္စရေးနိုင်ငံရဲ့ မိုးကုပ်စက်ဝိုင်းပေါ်မှာ ဒုံးကျည်တွေကို မြင်နေရပြီး အနောက်ဘက်ကမ်းက ဟီဘရွန်မြို့ပေါ်မှာ လည်း ဒုံးကျည်တွေ ပျံသန်းနေသလို ဟိုင်ဖာမြို့မှာလည်း ဥဩသံတွေ မြည်ဟိန်းနေခဲ့ပါတယ်။
ဧပြီ ၆ ရက်မှာ အစ္စရေးဆိပ်ကမ်းမြို့ ဟိုင်ဖာမှာ ကယ်ဆယ်ရေးသမားတွေက အလောင်း ၄ လောင်း ကို ပြန်ရှာတွေ့ ခဲ့ပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို နာရီပေါင်းများစွာ အပြင်းအထန်လုပ်အပြီးမှာ အလောင်းတွေ ကို ပြန်တွေ့ခဲ့တာလို့ အစ္စရေးစစ်တပ်က တနင်္လာနေ့မှာ ပြောပါတယ်။
အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင်-ဂဗာက အနားက အဆောက်အအုံတခုကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခဏစောင့် ကြည့်ခဲ့ပါတယ်။
တဲလ်အဗစ်မြို့တဝိုက်မှာလည်း ဥဩသံတွေ မြည်ဟိန်းနေခဲ့ပါတယ်။ စစ်ပွဲပြင်းထန်နေချိန်မှာ အီရန် ကနေ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေ အများကြီး အစ္စရေးနိုင်ငံထဲ ကျခဲ့ပြီး ဧပြီလ ၆ ရက်မှာ တဲလ်အဗစ်မြို့က ဈေးတခုပေါ်ကို ဒုံးကျည်တစင်း ကျရောက်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံ ရာမတ်ဂန်မြို့ကို အီရန်ဒုံးကျည် တစင်း မနေ့က ထိမှန်ခဲ့ပြီး အရေးပေါ်ဝန်ထမ်းတွေ ရောက်ချိန်မှာ အပျက်အစီးတွေ ကျန်ရစ်ခဲ့ ပါတယ်။
အဲဒီနေ့မှာပဲ အစ္စရေးနိုင်ငံအလယ်ပိုင်း ပီတာတစ်ဗာမြို့က လူနေရပ်ကွက်တခုမှာ ဒုံးကျည်ထိမှန်တဲ့ အပျက်အစီးတွေကြောင့် ယာဉ်တွေအများကြီး မီးလောင်သွားပြီး အရေးပေါ်ဝန်ထမ်းတွေက ထိခိုက် တဲ့ နေရာကို ဝိုင်းရံထားတာ တွေ့ရပါတယ်။
အစ္စရေးစစ်တပ်က အီရန်ကနေ အစ္စရေးဆီ ဒုံးကျည်ပစ်လွှတ်မှု သတိပေးချက်ကို မနေ့မနက် အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး ပုန်းခိုနေကြဖို့ ပြည်သူလူထုကို အကြံပြုခဲ့ပါတယ်။
တရက်တည်းမှာပဲ အစ္စရေးက အာဆာလူယာမှာရှိတဲ့ အီရန်ရဲ့ အကြီးဆုံး ရေနံဓာတုစက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးခတ်ဇ်က ပြောခဲ့ပြီး အီရန်အစိုးရ အတွက် ပြင်းထန်တဲ့ စီးပွားရေး ထိုးနှက်ချက်တရပ်လို့ ဆိုပါတယ်။
အီရန်တောင်ပိုင်းပါ့စ် ရေနံဓာတုဗေဒ စက်ရုံမှာ ပေါက်ကွဲသံတွေ အများကြီး ကြားခဲ့ရတယ်လို့ အီရန် အခြေစိုက် Fars သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြပါတယ်။
Source:Reuters











