ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အားလပ်ချိန် ဖျော်ဖြေပွဲမှာ ကမ္ဘာကျော် အဆိုတော် မက်ဒေါနား၊ တောင်ကိုရီးယားရဲ့ နာမည်ကျော် BTS ကေပေါ့ပ်အဖွဲ့၊ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာနဲ့ ကိုလံဘီယာအဆိုတော် ရှာကီရာတို့က ပရိသတ်တွေကို အားရပါးရ ဖျော်ဖြေတင်ဆက်ခဲ့တာပါ။
ဒီပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက် နယူးဂျာစီကွင်းကြီးမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲမှာ ဘရာဇီး ဘောလုံးဂန္ထဝင် ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရော်နယ်ဒင်ဟိုတို့ကလည်း အထူးဧည့်သည်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
အဆိုတော် မက်ဒေါနားနဲ့အတူ တွေ့ရတဲ့ သူတို့ရဲ့ပုံရိပ်တွေက ကွင်းအတွင်းက ပရိသတ်တွေအပြင် ကမ္ဘာတဝန်းက ဘောလုံးပရိသတ်တွေကိုပါ အံ့အားသင့်စေပြီး ပိုပြီး စိတ်လှုပ်ရှားစေခဲ့တာပါ။
Halftime show ဖျော်ဖြေပွဲကို အရင်တုန်းက လုပ်လေ့လုပ်ထမရှိဘဲ အခု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာမှ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters











