DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် တရုတ် ဆက်ဆံရေး အရင်ထက် ပိုကောင်းလာမည်ဟု ထရမ့်ပ်ပြော
DVB
·
May 14, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပေကျင်းမှာ မေ ၁၄ ရက်က ဆွေးနွေးနေချိန် အမေရိကန်နိုင်ငံနဲ့ တရုတ် ဆက်ဆံရေးဟာ အရင်ကထက် ပိုကောင်းလာမယ်လို့ ထရမ့်ပ်က ရှီကို ပြောလိုက်ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ အောင်မြင်မှုဟာ အပြန်အလှန်အတွက် အခွင့်အရေးတခု ဖြစ်တယ်လို့ ရှီက ထရမ့်ပ်ကို ပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံဆီ ပထမဆုံးခရီးစဉ်အဖြစ် ထရမ့်ပ်ဟာ မေ ၁၃ ရက်မှာ ၃ ရက် ကြာ ခရီးစဉ်အတွက် တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို ရောက်လာခဲ့တာပါ။

ရှီ-ထရမ့်ပ် ထိပ်သီးအစည်းအဝေးရဲ့ ရည်ရွယ်ချက်က လယ်ယာထွက်ကုန်တွေနဲ့ လေယာဉ်တွေ ဆိုင်ရာသဘောတူညီချက်တွေရဖို့နဲ့ ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံနှစ်ခုကြား ခိုင်မာမှုမရှိတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ထိန်းသိမ်းဖို့လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနဲ့ ထောင်ချခံထားရတဲ့ မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်ရဲ့ အမှုတို့ကို ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမယ်လို့ ထရမ့်ပ်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို မေ ၁၁ ရက်မှာ ပြောခဲ့ဖူးပါတယ်။

စီးပွားရေးအောင်မြင်မှုတွေရဖို့၊ မခိုင်မာတဲ့ ကုန်သွယ်ရေးစစ်ပွဲ ရပ်ဆိုင်းတာကို ထိန်းသိမ်းဖို့၊ အီရန် စစ်ပွဲနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချမှုလိုမျိုး ခက်ခဲတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံခဲ့တာလို့ ဘီဘီစီ သတင်းဌာနက ထုတ်ပြန်ပါတယ်။

ခရီးစဉ်မှာ ထရမ့်ပ်နဲ့အတူ တက်စ်လာရဲ့ CEO အီလွန်မတ်စ်ခ်နဲ့ အန်ဒီဗီယာရဲ့ CEO ဂျန်ဆန်ဟွမ် အပါအဝင် ထိပ်တန်းစီးပွားရေးခေါင်းဆောင် CEO အဖွဲ့တဖွဲ့လည်း လိုက်ပါလာခဲ့ပါတယ်။

အမေရိကန်စက်မှုလုပ်ငန်းအတွက် တရုတ်နိုင်ငံကို “ပွင့်ပွင့်လင်းလင်း” တောင်းဆိုမယ်လို့လည်း သူတို့က ပြောထားခဲ့ကြပါတယ်။

ရှီဟာ အခုနှစ်နှောင်းပိုင်းမှာ အမေရိကန်ဆီ အပြန်အလှန် လည်ပတ်ဖို့ ယာယီစီစဉ်ထားပြီး ၂၀၂၅ ခုနှစ်မှာ ထရမ့်ပ် သမ္မတတာဝန်ကို ပြန်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုဆီ ရှီရဲ့ ပထမဆုံးခရီးစဉ် ဖြစ်လာမှာပါ။

ခေါင်းဆောင် ၂ ယောက်ဟာ မေ ၁၄ ရက် ညနေပိုင်းမှာ နိုင်ငံတော်ဧည့်ခံပွဲကို တက်ဖို့ စီစဉ် ထားပါတယ်။

အခွန်ကောက်ခံမှုတွေ၊ နည်းပညာဆိုင်ရာယှဉ်ပြိုင်မှု၊ အီရန်စစ်ပွဲနဲ့ ထိုင်ဝမ်အရေးတို့ဟာ အင်အားကြီး နှစ်နိုင်ငံ ဆွေးနွေးမဲ့ အစီအစဉ်တွေထဲမှာ ပါနေပါတယ်။

ဒီခရီးစဉ်ကို မတ်လနှောင်းပိုင်းမှာ စီစဉ်ထားပေမဲ့ အီရန်စစ်ပွဲကြောင့် ရွှေ့ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013