DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် စိတ်ကြွမူးယစ်ဆေး ငွေကျပ်သိန်းပေါင်း ၃၀,၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိ
DVB
·
May 11, 2026
စိတ်ကြွဆေးပြား ၁၄ ဒသမ ၇ သိန်းနှင့်အတူ ဖမ်းမိသည့် အောင်ရဲကျော် (ခ) မြင့်ကျော် နှင့် မအားဖန် (ခ) ဆိုင်ဘန်း။ (Photo: CCDAC MYANMAR)
စိတ်ကြွဆေးပြား ၁၄ ဒသမ ၇ သိန်းနှင့်အတူ ဖမ်းမိသည့် အောင်ရဲကျော် (ခ) မြင့်ကျော် နှင့် မအားဖန် (ခ) ဆိုင်ဘန်း။ (Photo: CCDAC MYANMAR)
Donate to DVB

မန္တလေးတိုင်း၊ ချမ်းမြသာစည်၊ ပုသိမ်ကြီးနဲ့ စဉ့်ကိုင်မြို့နယ်တို့ကနေ စိတ်ကြွမူးယစ်ဆေးပြား ရောင်းချသူတွေနဲ့ ဆေးပြား ငွေကျပ်သိန်းပေါင်း ၃၀,၀၀၀ ကျော်ဖိုး ဖမ်းမိပြီး ဖြန့်ဖြူးဖို့ ပို့ပေးထားသူကိုတော့ မမိဘူးလို့ စစ်အာဏာရှင်ရဲ့ မူးယစ်ဆေးဝါး တားဆီးထိန်းချုပ်ရေး ဗဟိုအဖွဲ့က မေ ၁၀ ရက် ညမှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၃၀ ရက် ညနေက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်က တည်းခိုခန်းမှာ စိတ်ကြွဆေးပြား ရောင်းချနေသူတွေ ရောက်နေတဲ့ သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ မဖြူစင်တင်လှ (ခ) ဖြူစင် နဲ့ မဇွန်ဇင်ဦး (ခ) မိုင်လီ တို့ကို စိတ်ကြွဆေးပြား ၁၁၅ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနေ့ ညနေ ၆ နာရီမှာ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာနေ မမာလာကို စိတ်ကြွဆေး အပြား ၁၆၀ နဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ မေ ၁ ရက် မွန်းတည့်မှာ ပုသိမ်ကြီးမြို့နယ်၊ ကွေ့ကြီးကုန်းကျေးရွာ၊ ရေတံခွန်တောင်ရပ်မှာ မနီလာခိုင် (ခ) လွယ်နူး (ခ) ဘောပြားကို စိတ်ကြွဆေးပြား ၂၄,၀၀၀ ပြား၊ ကားတစီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားတွေ ရောင်းချခိုင်းသူ အောင်ရဲကျော် (ခ) မြင့်ကျော်ကိုလည်း အဲဒီနေ့မွန်းလွဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်က မအားဖန် (ခ) ဆိုင်ဘန်းရဲ့အိမ်မှာ သိမ်းဆည်းထားတဲ့ စိတ်ကြွဆေးပြား ၁၄ ဒသမ ၇ သိန်း၊ စဉ့်ကိုင်မြို့နယ်က သူငှားရမ်းထားတဲ့အိမ်မှာ သိမ်းဆည်းထားတဲ့ စိတ်ကြွဆေးပြား ၆ ဒသမ ၀၆ သိန်းကို ဆက်လက်ဖမ်းမိလို့ ဖမ်းဆီးမှုဖြစ်စဉ်မှာ စုစုပေါင်း ဒေသတန်ဖိုးငွေကျပ် သိန်းပေါင်း ၃၁,၆၂၅ ကျော် ဖြစ်တယ်လို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်တွေအရ ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နေ အားယုံက မန္တလေးမြို့မှာ ဖြန့်ဖြူးရောင်းချဖို့ ပေးပို့ထားတာလို့ သိရပြီး သူကိုတော့ ဖမ်းမမိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့ကနေ ငွေကျပ် သိန်း ၉၀,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိပြီး အဓိက သယ်ခိုင်းသူကိုတော့ မမိသေးဘူးလို့ စစ်အာဏာရှင်ရဲ့ မူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013