DVB Logo
Home
အားကစား
ဘရာဇီးဂန္ထဝင်ပီလီ၏ အင်္ကျီ ဒုတိယဈေးအကြီးဆုံးစံချိန်တင်
DVB
·
July 18, 2026
Photo:Reuters
Photo:Reuters
Donate to DVB

၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးဂန္ထဝင် ဘောလုံးသမားပီလီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီအင်္ကျီကို ဒေါ်လာ ၄ ဒသမ ၉ သန်းနဲ့ ရောင်းချခဲ့ပြီး ဒုတိယဈေးအကြီးဆုံး ဘောလုံးအင်္ကျီ ဖြစ်လာပါတယ်။ 

ဒီအင်္ကျီဟာ ပီလီနဲ့ ပတ်သက်တဲ့အမှတ်တရတွေထဲမှာ ဈေးအကြီးဆုံးဖြစ်လာပါတယ်။ အပြာရောင် နံပါတ် ၁၀ အင်္ကျီဟာ ၁၉၅၈ ခုနှစ်တုန်းက ၁၇ နှစ်အရွယ် အက်ဆန်အာရန်တက်ဒိုနာစီမန်တိုက လူငယ်လေး တယောက်ဝတ်ဆင်ခဲ့တာဖြစ်ပြီး သူ့ကို ပီလီလို့ ကမ္ဘာကသိစေခဲ့တာပါ။ 

၁၉၅၈ ဇွန် ၂၉ ရက်က ကစားခဲ့တဲ့ ဆွီဒင်နဲ့ပွဲမှာ (၅-၂) ဂိုး နဲ့ အနိုင်ရအောင် စွမ်းဆောင်ပြီး ဘရာဇီးအသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ပီလီက ၂ ဂိုးသွင်းနိုင်ခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ပီလီရဲ့ အင်္ကျီကို Sotheby က လေလံတင်ခဲ့တာဖြစ်ပြီး လေလံဆွဲသူ ၅ ယောကကျော်ဆီကနေ လေလံဆွဲတဲ့အကြိမ် ၁၀ ကြိမ်ကျော်ခဲ့ပါတယ်။

နယူးယော့ခ်မှာ ကျင်းပတဲ့ Sotheby အားကစားလေလံပတ်မှာ ပီလီရဲ့ အင်္ကျီကို ဒေါ်လာ ၄ ဒသမ ၉ သန်းနဲ့ ရောင်းချခဲ့တာပါ။ 

ဒီအင်္ကျီမရောင်းမီက ပီလီနဲ့ ပတ်သက်တဲ့ အမှတ်တရတွေအနက် Pele rookie card က ဒေါ်လာ ၉၇၆,၀၀၀ နဲ့ ဈေးအကြီးဆုံးပစ္စည်းဖြစ်ခဲ့တာပါ။ 

အဲ့ဒီအပြာရောင်အင်္ကျီဟာ ၂၀၀၄ ခုနှစ်က ဒေါ်လာ ၁၀၅,၆၀၀ နဲ့ ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒေါ်လာ ၄ သန်းကျော်အထိ တန်ကြေးရှိလာတာပါ။

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဘောလုံးအင်္ကျီကတော့ ၂၀၂၂ ခုနှစ်တုန်းက Sotheby က ဒေါ်လာ ၉ ဒသမ ၃ သန်းနဲ့ ရောင်းချခဲ့တဲ့ မာရာဒိုနာရဲ့ Hand of God အင်္ကျီပဲ ဖြစ်ပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013