DVB Logo
Home
Lead Story
အတ္တလန္တိတ်သမုဒ္ဒရာကို အမေရိကသမုဒ္ဒရာဟု အမည်ပြောင်းလိုဟု ထရမ့်ပ်ပြော
DVB
·
October 27, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အတ္တလန္တိတ်သမုဒ္ဒရာကို “အမေရိကသမုဒ္ဒရာ” (American Ocean) လို့ အမည်ပြောင်းချင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၂၆ ရက်မှာ ထပ်မံပြောလိုက်ပါတယ်။

“ကျုပ်တို့မှာ ရေကန်တကန်နဲ့ ပင်လယ်ကွေ့တခု ရှိနေပြီ။ အခု မြစ်တစင်းနဲ့ သမုဒ္ဒရာတစင်း လိုတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။ ဒါပေမဲ့ မစ္စစ္စပီမြစ်ကိုတော့ အမည်မပြောင်းပါဘူးလို့ ကတိပေးခဲ့ပါတယ်။

အောက်တိုဘာ ၂၁ ရက် တောင်ကာရိုလိုင်းနားပြည်နယ် မဲဆွယ်ပွဲမှာလည်း အတ္တလန္တိတ်သမုဒ္ဒရာ အမည်ပြောင်းဖို့ Google အမှုဆောင်အရာရှိချုပ် ဆွန်ဒါ ပီချိုင်းကို ဆက်သွယ်ခဲ့ကြောင်း ထရမ့်ပ်က ပြောပါတယ်။

သမုဒ္ဒရာတွေဟာ နိုင်ငံအများအပြားနဲ့ ထိစပ်နေတာကြောင့် ပီချိုင်းက သူ့ရဲ့တောင်းဆိုချက်ကို ငြင်းဆိုခဲ့တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

အဲဒီအချိန်က အမည်ပြောင်းမဲ့ အစီအစဉ်ကို လက်လျှော့မယ်လို့ ပြောခဲ့ပေမဲ့ အခု ထပ်ပြောလာတာ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက မက္ကဆီကိုပင်လယ်ကွေ့ကို “အမေရိကပင်လယ်ကွေ့” လို့ အမည်ပြောင်းသုံးစွဲဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဩဂုတ် ၂၇ ရက်မှာလည်း ကနေဒါနဲ့ အမေရိကန် နှစ်နိုင်ငံနယ်စပ်က အွန်တာရီယိုရေကန်ကို “အမေရိကရေကန်” လို့ အမည်ပြောင်းသုံးစွဲဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေးက သူတို့နိုင်ငံမှာ အွန်တာရီယိုရေကန်ဆိုတဲ့ အမည်ကိုပဲ ဆက်သုံးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၉ ရက်မှာလည်း Artificial Intelligence (AI) ကို Super Intelligence (SI) လို့ အမေရိကန်အစိုးရဌာနတွေမှာ ပြောင်းလဲသုံးစွဲဖို့ ထရမ့်ပ်က အမိန့်ထုတ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013