DVB Logo
Home
မြန်မာသတင်း
EV လျှပ်စစ်ကားများ မြန်မာပြည်တွင်း အစအဆုံးထုတ်လုပ်ရန် စစ်အာဏာရှင် တိုက်တွန်း
DVB
·
July 8, 2026
Photo: Head Of State
Photo: Head Of State
Donate to DVB

လျှပ်စစ်ကား (EV) တွေကို  ပြည်ပကနေ တင်သွင်းနေမဲ့အစား မြန်မာပြည်တွင်းမှာပဲ အစအဆုံး အလုံးစုံ တပ်ဆင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြဖို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က တိုက်တွန်းပြောပါတယ်။

ဇူလိုင် ၇ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောလိုက်တာ ဖြစ်ပြီး ပြည်တွင်းမှာ EV ကားတွေ ထုတ်လုပ်နိုင်ရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာပြီး ပြည်သူတွေ ကုန်ကျစရိတ် သက်သာမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်း ကုန်ထုတ်လုပ်မှု မြင့်မားစေရေးအတွက် ပြည်ပကနေ တင်သွင်းဖို့မလိုတဲ့ ကျောက်မီးသွေးကို အသုံးပြုပြီး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တာ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာတွေ ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာရှင်က EV ကားတွေ ပြည်တွင်းမှာ အစအဆုံး ထုတ်လုပ်ဖို့ ပြောဆိုနေပေမဲ့ လက်ရှိ ပြည်တွင်းမှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီး လုံလောက်အောင် မပေးနိုင်ဘဲ အလှည့်ကျစနစ်နဲ့ နာရီပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်တဲ့ဒဏ်ကို ပြည်သူတွေ အဆိုးရွားဆုံး ခံစားနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013