DVB Logo
Home
မြန်မာသတင်း
အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အကောင်းဆုံးဆောင်ရွက်မည်ဟု တပ်ချုပ်အသစ်ပြော (ဓာတ်ပုံ) 
DVB
·
March 30, 2026
အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အကောင်းဆုံးဆောင်ရွက်မည်ဟု တပ်ချုပ်အသစ်ပြော (ဓာတ်ပုံ) 
1 / 10
Photo: MOI
Donate to DVB

တပ်တွင်း တပ်ပြင် စည်းရုံးရေးနဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို အကောင်းဆုံး ဆောင်ရွက်သွားမယ်လို့  ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပါတယ်။

မတ် ၃၀ ရက် မနက်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ ပြုလုပ်တဲ့ ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းလက်ခံယူပွဲမှာ တပ်ချုပ်သစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီး မိမိအနေနဲ့လည်း  တပ်မတော်ကို သမားရိုးကျစစ် ဆင်နွှဲနိုင်တဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော်တရပ်အဖြစ် ရည်မှန်းချက်ထားပြီး အရပ်ဘက်-စစ်ဘက်နဲ့ တပ်တွင်း တပ်ပြင် စည်းရုံးရေးကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ပေးအပ်ခဲ့တဲ့ အကြီးအကဲတွေကို အထူးပင် ကျေးဇူးတင်ရှိပြီး ယုံကြည်မှုနဲ့ ထိုက်တန်စွာ နိုင်ငံတော်အကျိုး တပ်မတော်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒို့တာဝန်အရေး ၃ ပါးကို ဆက်လက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်က အတည်ပြု ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်ချုပ်အဖြစ် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

ထောက်လှမ်းရေးအကြီးအကဲ စရဖချုပ်ကနေ တပ်ချုပ်ဖြစ်လာတဲ့အတွက် စစ်တပ်အတွက်ရော ပြည်သူလူထုအတွက်ပါ ကောင်းကျိုးဖြစ်လာမှာ မဟုတ်ဘူးလို့ စစ်ရေးလေ့လာသုံးသပ်သူ တယောက်က DVB ကို ပြောပါတယ်။

“စရဖချုပ်တာဝန်ယူတုန်းက ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ညီ စိုးမိုးလှိုင်ကို သတ်တဲ့ကိစ္စ၊ စီနီယာတွေ ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ကို ထောင်ထဲထည့်တဲ့ကိစ္စ၊ အများကြီးပဲ၊ ရဲဝင်းဦး တပ်ချုပ်ဖြစ်လာတာ တိုင်းပြည်အတွက်ရော စစ်ကောင်စီတပ်အတွက်ရော အရင်ကထက် ၂ ဆဆိုးတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။”

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ချုပ်နေရာ လွှဲပေးလိုက်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ မြန်မာနိုင်ငံရဲ့  ၁၁ ယောက်မြောက် ကာကွယ်ရေးစီးချုပ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013