DVB Logo
Home
မှုခင်း/မူးယစ်ဆေး
အေးသာယာမြို့၌ ဖဲကစားနေသည့် အသက် ၇၈ နှစ်အရွယ် အပါအဝင် ၄ ဦး ဖမ်းဆီးခံရ 
DVB
·
May 20, 2026
အေးသာယာမြို့၌ ဖဲကစားနေသည့် အသက် ၇၈ နှစ်အရွယ် အပါအဝင် ၄ ဦး ဖမ်းဆီးခံရ 
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ရပ်ကွက် (၇)၊ နယ်မြေ ၂ အတွင်းရှိ နေအိမ်တအိမ်ထဲမှာ ဖဲကစားနေတဲ့ အသက် ၇၈ နှစ်အရွယ် အဘွားအို အပါအဝင် ၄ ယောက်ကို စစ်တပ်က  ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။

မေ ၁၉ ရက် ညနေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ရပ်ကွက်အတွင်း သတင်းပေး တိုင်ကြားမှုတွေကြောင့် အခုလို ဝင်ရောက်ဖမ်းဆီးတာလို့ ဒေသခံတွေက ဆိုပါတယ်။

မြို့ခံတယောက်က “အိမ်ထဲမှာ ဖဲကစားနေတယ်ဆိုပြီး ရပ်ကွက်ထဲက တယောက်ယောက်က တိုင်လို့ ရဲတွေ သတင်းအရ ဝင်ဖမ်းတာပါ။ အဘွားတယောက် ပါဝင်နေတဲ့အတွက် လူတွေကြားထဲမှာ ပြောစရာတွေ ဖြစ်နေတယ်။ ဒီလိုဖမ်းတာတွေက ဟန်ပြသက်သက်လို မြင်တဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ နေအိမ်ပိုင်ရှင်ဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်စိန်၊ ဒေါ်စန်းနေ၊ ဒေါ်စိန်အေးနဲ့ ဒေါ်မာလာတို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို အေးသာယာနယ်မြေရဲစခန်းမှာ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

မတ်  ၂၁ ရက်ကလည်း ညောင်ရွှေမြို့မှာ နေအိမ်တလုံးအတွင်း ဖဲကစားနေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီး ၃ ယောက်နဲ့ အမျိုးသားကြီး တယောက်တို့ကိုလည်း စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013