
လာမဲ့လမှာ ကျင်းပမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အီရန်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို မက္ကဆီကိုနိုင်ငံ တီဟွာနာမြို့သို့ အရေးပေါ် ပြောင်းရွှေ့လိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ဖို့ ခြိမ်းခြောက်မှုတွေရှိနေတဲ့အတွက် လုံခြုံရေးစိုးရိမ်ရမှုနဲ့ ဗီဇာပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်က ဖီဖာ ထံ တင်ပြတောင်းဆိုမှု အောင်မြင်ခဲ့ပြီးနောက် လေ့ကျင့်ရေးစခန်း ပြောင်းရွှေ့ခွင့် ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
အီရန်အသင်းဟာ အုပ်စုပွဲစဉ်တွေကို အမေရိကန်မှာ သွားရောက်ကစားရမှာ ဖြစ်ပေမဲ့ လေ့ကျင့်ရေးအတွက်တော့ မက္ကဆီကိုမှာပဲ အခြေစိုက်သွားမှာ ဖြစ်ပါတယ်။










