DVB Logo
Home
နိုင်ငံတကာ

အီရန်က ဒုံးကျည်စခန်းသစ်နှင့် ဒုံးကျည် ၂ စင်း ပစ်လွှတ်နိုင်သည့် စနစ်သစ်မိတ်ဆက်

DVB
·
November 23, 2026
Photo: CCTV
Photo: CCTV
Donate to DVB

အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဒုံးကျည်စခန်းသစ်တခုနဲ့ ဒုံးကျည် ၂ စင်း ပစ်လွှတ်နိုင်တဲ့ စနစ်တခုကို မိတ်ဆက်ပြသခဲ့တယ်လို့ နိုင်ငံပိုင် IRIB သတင်းဌာနက နိုဝင်ဘာ ၂၁ ရက်မှာ ဖော်ပြပါတယ်။

IRGC တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် အာမဒ်ဗာဟီဒီနဲ့ IRGC လေကြောင်းနဲ့ အာကာသဌာနခွဲရဲ့ တပ်မှူးချုပ် ဆေးယဒ် မာဂျစ်ဒ်မူဆာဗီတို့ လာစစ်ဆေးချိန်မှာ ဒီစခန်းနဲ့ ပစ်လွှတ်ရေးစနစ်သစ်ကို မိတ်ဆက်ပြသခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

စခန်းထဲမှာ IRGC ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒုံးကျည်တွေနဲ့ မျိုးဆက်သစ် ဒုံးကျည်တွေ ရှိနေတယ်လို့ IRIB သတင်းဌာနက ဆိုပါတယ်။

ဒီဒုံးကျည်တွေဟာ ပစ်ခတ်နိုင်တဲ့ အကွာအဝေး ပိုဝေးကွာပြီး ပစ်မှတ်ကို အလွန်တိတိကျကျ ထိမှန်နိုင်စွမ်းရှိတဲ့အပြင် ကမ္ဘာလုံးဆိုင်ရာတည်နေရာပြစနစ် (GPS) ကို အားထားစရာမလိုဘဲ ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ စနစ်တွေနဲ့ လမ်းညွှန်ထိန်းချုပ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် ပစ်လွှတ်ရေးစနစ်သစ်ဟာ အရည်လောင်စာသုံး ဒုံးကျည် ၂ စင်းကို တပြိုင်နက်တည်း သယ်ဆောင်ပြီး ပစ်ခတ်နိုင်စွမ်းရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် ဆင်နွှဲခဲ့တဲ့ စစ်ပွဲ ၂ ခုကြား ကာလအတွင်း IRGC လေကြောင်းနဲ့ အာကာသဌာနခွဲရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာခဲ့တယ်လို့လည်း မူဆာဗီက ပြောပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့အစည်းအနေနဲ့ “ရန်သူကို ကြောက်ရွံ့ထိတ်လန့်စေဖို့နဲ့ တားဆီးဟန့်တားဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အံ့ဩစရာကောင်းပြီး အလွန်ထိရောက်တဲ့ လက်နက်ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်ထားတယ်” လို့လည်း သူက ပြောပါတယ်။

အခုလအစောပိုင်းကလည်း IRGC လေကြောင်းနဲ့ အာကာသဌာနခွဲဟာ အစိုင်အခဲလောင်စာသုံးနဲ့ အရည်လောင်စာသုံး ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေပါတဲ့ တခြားဒုံးကျည်စခန်းတခုကို မိတ်ဆက်ပြသခဲ့တယ်လို့ IRIB သတင်းဌာနက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013