
ရုရှားနဲ့ ယူကရိန်းတို့ဟာ အကျဉ်းသား ၁၉၃ ယောက်စီကို ဧပြီ ၂၄ ရက်က အပြန်အလှန် လဲလှယ် ခဲ့ကြပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲဟာ ၄ နှစ်ကျော်ကာလကို ရောက်လာပြီး ၂ ဖက် တိုက်ခိုက်မှု လျော့ကျတာ မျိုး မရှိဘဲ ထိခိုက်ဒဏ်ရာရသူတွေ များလာပါတယ်။
ကိဗ်မြို့ကနေ ရုရှားတပ်သား ၁၉၃ ယောက် ပြန်ခဲ့ပြီး လက်ရှိအချိန်မှာ ဘယ်လာရုစ်မှာ ဆေးစစ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေခံယူနေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ရုရှားစစ်သားတွေကို ပြန်လည်ထူထောင်ရေးနဲ့ ကုသမှုတွေ ခံယူပြီးမှ ရုရှားကို စေလွှတ်မှာ ဖြစ်ပါတယ်။
ယူကရိန်း-ရုရှား အကျည်းသားလဲလှယ်မှုကို အမေရိကန်နိုင်ငံနဲ့ ယူအေအီးနိုင်ငံတို့က စေ့စပ် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းစစ်သားတွေ ပြန်လာကြောင်း သမ္မတ ဇလန်းစကီးက အတည်ပြုခဲ့ပြီး နယ်စပ် အစောင့်တွေ၊ ရဲတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ယူကရိန်းအကျဉ်းသားတချို့ ဒဏ်ရာရထားပြီး၊ တချို့က ရုရှားမှာ ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင် နေရတယ်လို့လည်း ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ဟာ ၂၀၂၂ ခုနှစ်မတ်လကတည်းက ၂ နိုင်ငံကြား အကျည်းသား လဲလှယ်မှု ၇၃ ကြိမ်မြောက် ပြုလုပ်တာလည်း ဖြစ်ပါတယ်။
Source:Reuters











