DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ တောင်မော်ဦး ရေတပ်စခန်းအနီး တိုက်ပွဲပြင်းထန်
DVB
·
May 11, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က တောင်မော်ဦး ရေတပ်စခန်းဝန်းကျင်မှာ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သစ်ပုတ်တောင်တိုက်နယ် ဓညဝတီ ရေတပ်ဌာနချုပ်ခွဲတခု ဖြစ်တဲ့ တောင်မော်ဦး ရေတပ်စခန်း ဝန်းကျင်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ မနေ့ မေ ၁၀ ရက်က တိုက်ပွဲ ပြန်လည်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“တောင်မော်ဦး ရေတပ်စခန်းကနေ ထွက်လာတဲ့ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ရင်း နှစ်ဖက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်တာ။”

စစ်တပ် စစ်ကြောင်းတွေဟာ မင်းပြင်နဲ့ သိုင်းချောင်းဘက်ကို ထိုးတဲ့ စစ်ကြောင်းတွေ အကျအဆုံး များတဲ့အတွက် လမ်းကြောင်းသစ်အနေနဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းကို တောင်မော်ဦးဘက်ကနေ ထိုးစစ်အသစ်ဆင်လာတာ ဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ စစ်‌ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“အင်အားကတော့ ပုံမှန်ဆို တကြောင်းမှာ အနည်းဆုံး ၈၀၊ ၉၀ ကျော် ပါတယ်။ AA ရဲ့ ကြားဖြတ်တိုက်တာခံရလို့ မင်းပြင်ဘက်၊ သိုင်းချောင်းဘက်က မထိုးတော့ဘူး၊ အခု တောင်မော်ဦးဘက်ကနေ အင်အားရာချီသုံးပြီး စစ်မျက်နှာသစ်ဖွင့်တာပါ။”

မင်းပြင်နဲ့ သိုင်းချောင်းကို အရင်က ဓညဝတီ ရေတပ်ဌာနချုပ်နဲ့ အမှတ် ၃၂ ရဲတပ်ရင်းက တပ်ပေါင်းစုအင်အားတို့ စစ်ကြောင်းထိုးခဲ့ပေမဲ့ AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံး များခဲ့တယ်လို့ ‌သိရပါတယ်။

အဲဒီလို အကျအဆုံးများတဲ့အတွက် အခုတကြိမ်မှာ တောင်မော်ဦး ရေတပ်စခန်းဘက်က လမ်း‌သစ် စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ နောက်ဆုံးပတ်နဲ့ မေလ ပထမပတ်က ဓညဝတီ ရေတပ်ဌာနချုပ် အပါအဝင် တောင်မော်ဦး ရေတပ်စခန်းနဲ့ အုန်းကျွိန် ရေတပ်စခန်းတွေကို စစ်သ‌င်္ဘောတွေနဲ့ အင်အားတွေ လျှို့ဝှက်ဖြည့်ခဲ့ပြီးနောက် မေလ ဒုတိယအပတ်မှာ စစ်တပ်က ထိုးစစ်ကို ပြန်လည်စတင်လာတာ ဖြစ်တယ်လို့ စစ်ရေးနီးစပ်သူတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013