DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မြဝတီ သဲဖြူချောင်းဖျားတွင် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်တပ်များ ထိခိုက်ကျဆုံး 
ဖိုးစီ
·
November 16, 2026
Photo: CJ
Photo: CJ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဖလူးကြီးရွာ အနောက်ဘက် တောင်ကြောရှိ သဲဖြူချောင်းဖျားမှာ နိုဝင်ဘာ ၁၅ ရက် မနက် ၄ နာရီကတည်းက စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က  ၁၀ ယောက်လောက် သေဆုံးပြီး အယောက် ၂၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးဘက်ကလည်း  တယောက်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်လာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက မိမိနယ်မြေ မဆုံးရှုံးရအောင် ကာကွယ်ခုခံရာကနေ တိုက်ပွဲဖြစ်ပွားတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်တပ်က အရှေ့ဘက်ကို တိုးချဲ့လာတဲ့အခါ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာ၊ FPV အသေခံဒရုန်းတွေကို ပိုပြီး အသုံးပြုလာတာတွေကို တွေ့ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဒရုန်းနဲ့ လက်နက်ငယ်တွေနဲ့ ခုခံစစ် ဆင်နွှဲနေကြပါတယ်။

စစ်အာဏာရှင်တပ်က မြန်မာ-ထိုင်းနယ်စပ်မှာ သူတို့ လက်လွှတ်ခဲ့ရတဲ့ စခန်းတွေကို ပြန်လည်သိမ်းဆည်းနိုင်ဖို့အတွက် နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် တပ်မ ၂၂၊ တပ်မ ၅၅ နဲ့ စကခ ၁၃ တို့ကနေ အင်အားအမြောက်အမြား အသုံးပြုနေပါတယ်။

စစ်မြေပြင်မှာ စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၆၊ ၅၅၇၊ ၅၅၈ နဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၈၁၊ ၂၀၁ စုစုပေါင်း တပ်ရင်း ၅ ခု၊ အင်အား ၁,၅၀၀ ခန့်နဲ့ စစ်ဆင်ရေး ပြုလုပ်နေပါတယ်။

KNLA ပူးပေါင်းတပ်ဘက်ကတော့ တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၂၇ နဲ့ ၂၈ တို့က ခုခံစစ် ဆင်နွှဲနေပြီး တိုက်ပွဲက နိုဝင်ဘာလ ၁၅ ရက် တရက်လုံး ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013