DVB Logo
Home
Lead Story
ဘင်္ဂလားပင်လယ်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်
DVB
·
October 22, 2026
Photo: Win Naing
Photo: Win Naing
Donate to DVB

လာမဲ့ အောက်တိုဘာ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း ဘင်္ဂလားပင်လယ်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတခု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသတိုင်းတာရေးမော်ဒယ်တွေရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး ပညာရှင်တွေက သတိပေးထားပါတယ်။

လက်ရှိမှာ ဘင်္ဂလားပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး လာမဲ့ အောက်တိုဘာ ၂၄ ရက်မှာ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ် စတင်ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က Global Models တွေဖြစ်တဲ့ ECMW F၊ GFS နဲ့ ICON တို့ရဲ့ တိုင်းတာချက်တွေကို ကိုးကားပြီး သတိပေးထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၆ ရက်မှာ မုန်တိုင်းဟာ ပိုမိုအားကောင်းလာပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိကာ အနောက်မြောက်ဘက်သို့ ဦးတည်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေကမ်းလွန်ဘက်ကို ပိုမိုနီးကပ်စွာ တိုးဝင်လာနိုင်တယ်လို့ အသိပေးထားပါတယ်။

အဆိုပါမုန်တိုင်းရဲ့ အရှိန်ကြောင့် လာမဲ့ အောက်တိုဘာ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ မုတ္တမကွေ့ ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းတွေ တိုက်ခတ်တာ၊ လှိုင်းကြီးတာတွေနဲ့ လှိုင်းကျဲစနစ်တွေပါ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ဒါ့အပြင် မုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာ ၂၄ ရက်နေ ၂၆ ရက်အတွင်း တနင်္သာရီတိုင်း၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးရွာသွန်းပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်နိုင်ခြေ မရှိဘဲ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှတဆင့် အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဦးတည်ဝင်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013