DVB Logo
Home
နိုင်ငံတကာ
၂၀၂၆ ခုနှစ်ကို အပူဆုံးနှစ်အဖြစ် ခန့်မှန်းသကဲ့သို့ ၂၀၂၇ တွင်လည်း ဆက်ပူမည်
DVB
·
November 10, 2026
Photo: Reuters
Photo: Reuters
Donate to DVB

၂၀၂၆ ခုနှစ်ဟာ မှတ်တမ်းတင်ထားတဲ့အထဲမှာ အပူဆုံးနှစ် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ကမ္ဘာကြီးဟာ ရာသီဥတုပြောင်းလဲမှုတွေနဲ့ အယ်လ်နီညို ဖြစ်စဉ်တွေကြောင့် အပူဆုံးနှစ်တွေကို ဖြတ်သန်းနေရပါတယ်။

ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး COP31 ကို နိုဝင်ဘာ ၉ ရက်က တူရကီနိုင်ငံမှာ စတင်ကျင်းပနေပြီး ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

၂၀၂၆ ခုနှစ်ကုန်ဆုံးဖို့ ၂ လသာ ကျန်တော့ပေမဲ့ ၂၀၂၆ ခုနှစ်ကလည်း ၂၀၂၄ ခုနှစ်က အရင်အပူဆုံး စံချိန်တင်ထားတဲ့ နှစ်လိုမျိုးပဲ အပူဆုံးနှစ်ဖြစ်မယ်လို့ ၉၅ ရာခိုင်နှုန်း ယုံကြည်ထားတယ်လို့ လွတ်လပ်တဲ့ အမေရိကန်သုတေသနအဖွဲ့ ဘာကလေအက်က ပြောပါတယ်။

၂၀၂၆ ခုနှစ်ထဲမှာ ရုတ်တရက် ရေခဲတွေ ပြိုကျပြီး နီပေါမှာ လူ ၁,၀၀၀ ကျော် သေဆုံးခဲ့မှုနဲ့ ဥရောပ တောမီးလောင်ကျွမ်းမှုတွေက အပူချိန်မြင့်မားလာမှုရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။

“ရေခဲတွေ ပြိုကျမှု၊ အပူလှိုင်း စံချိန်တင်မှုနဲ့ မိုးခေါင်မှုတို့က အပူဆုံး နှစ်တနှစ် ဖြတ်သန်းနေရတာပါပဲ” လို့ ဘာကလေအက် တာဝန်ရှိသူ ဒေါ်ကတာ ရောဘတ်က ပြောပါတယ်။

အီးယူရဲ့ ကိုပါနီးကပ် ရာသီဥတုလေ့လာရေးအဖွဲ့ကလည်း အောက်တိုဘာလဟာ အပူဆုံးအဖြစ် စံချိန်တင်ခဲ့တယ်လို့ သောကြာနေ့က အတည်ပြုထားပါတယ်။

ကမ္ဘာကြီး အပူချိန်မြင့်တက်လာမှုရဲ့ အဓိကအကြောင်းက ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှု ကြီးထွားလာလို့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ မြင့်မားလာရတယ်လို့ ဆိုပါတယ်။

ကုလ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း WMO ရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်က အပူဆုံးနှစ် ၄ ခုထဲက တခုဖြစ်တယ်လို့ သိရပါတယ်။

လာမဲ့နှစ်မှာ အယ်လ်နီညိုရာသီဥတုလည်း ဆက်ရှိနေမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်ကလည်း အပူဆုံး နှစ်တနှစ် ဖြစ်လာနိုင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013