
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာက အီရန်နဲ့ သူ့ မဟာမိတ်တွေက အစ္စရေးနိုင်ငံရဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ရေး မကြိုးပမ်းကြဖို့ အောက်တိုဘာ ၂၅ ရက်မှာ သတိပေးလိုက်ပါတယ်။
အစ္စရေးစစ်တပ်က ခုခံကာကွယ်ရေးနဲ့ တိုက်ခိုက်ရေး ၂ မျိုးစလုံးအတွက် အသင့်ရှိနေပြီး ဘယ်လိုတိုက်ခိုက်မှုကိုမဆို အင်အား အလုံးအရင်းနဲ့ ပြန်တုံ့ပြန်သွားမယ်လို့ နေတန်ယာဟုက ပြောပါတယ်။
အီရန်နဲ့ သူ့ လက်ပါးစေအဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှုတွေေတဆင့် ရွေးကောက်ပွဲကို ဝင်နှောင့်ယှက်ဖို့ ကြိုးပမ်းလာနိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ ရထားတယ်လို့လည်း နေတန်ယာက ပြောပါတယ်။
ဒေသတွင်း တင်းမာမှုတွေ ဆက်ရှိနေပြီး အီရန်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
ဒီလိုအချိန်မှာ အစ္စရေးနိုင်ငံသားတွေက အောက်တိုဘာလ ၂၇ ရက်နေ့ ကျင်းပမဲ့ ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွက် မဲပေးဖို့ ပြင်ဆင်နေကြချိန်မှာ နေတန်ယာဟုက ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











