ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုဟာ လာမဲ့ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရဖို့ အခွင့်အရေး ပိုမိုများပြားလာပါတယ်။
သူ့ကို စိန်ခေါ်မဲ့သူလို့ သတ်မှတ်ခံထားရတဲ့ ကွန်ကာကက်ဖ်ဥက္ကဋ္ဌ ဗစ်တာ မွန်တာဂလီယာနီက ဖီဖာဥက္ကဋ္ဌနေရာအတွက် ယှဉ်ပြိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့တာပါ။
မွန်တာဂလီယာနီဟာ ကွန်ကာကက်ဖ်ဥက္ကဋ္ဌအဖြစ် နောက်ဆုံးသက်တမ်းအတွက်သာ ဆက်လက်အရွေးခံဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
တဖက်မှာလည်း ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆီဖာရင်က ဥက္ကဋ္ဌအဖြစ် စတုတ္ထအကြိမ်မြောက် ဆက်လက်အရွေးခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ယူအီးအက်ဖ်အေဟာ အင်ဖန်တီနိုကို ဆန့်ကျင်နေပြီး လာမဲ့ နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးထားကာ ပြိုင်ဘက်လောင်းတယောက်ကို ရှာဖွေဖို့ ကြိုးစားနေတာပါ။
ဆီဖာရင် ကတော့ ဥရောပဘောလုံးလောက စည်းလုံးဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ အင်ဖန်တီနိုကို ဆန့်ကျင်တဲ့ ပြုပြင်ပြောင်းလဲရေး အချက် ၁၄ ချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။











