
ဝက်စ်ဟမ်းအသင်းကို ဝယ်ယူဖို့ လုပ်ငန်းရှင် အမန်ဒါစတားဗ်လေ ဦးဆောင်တဲ့အဖွဲ့ရဲ့ ကမ်းလှမ်းမှု ဟာ ပိတ်ဆို့ခံလိုက်ရပါတယ်။
ဒီအဖွဲ့ဟာ ဝက်စ်ဟမ်းအသင်းရဲ့ ရှယ်ယာ ၂၅ ဒသမ ၁ ရာခိုင်နှုန်းကို ပေါင် ၁၅၀ သန်းနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။
ဒီလို ပိတ်ဆို့ခံရတာကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ ပိုင်ဆိုင်မှု အခြေအနေဟာ မရေမရာ ဖြစ်လာ ပါတယ်။
ဝယ်ယူဖို့ သဘောတူညီထားတဲ့ ရှယ်ယာတွေဟာ ဝက်စ်ဟမ်းပိုင်ရှင်ဟောင်း ဒေးဗစ်ဂိုးလ်ရဲ့ မိသားစု က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
အခုလို ရှယ်ယာဝယ်ယူမှု ပိတ်ဆိုခံရတာကြောင့် အသင်းရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
ဒီကိစ္စဟာ တရားရုံးအထိ ရောက်ရှိပြီး ဖြေရှင်းရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Photo:Reuters










