မန်ချက်စတာယူနိုက်တက် အသင်းဟာ မန်ချက်စတာစီးတီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရာသီအစ ၄ ပွဲမှာ ၄ မှတ်သာ ရရှိထားပါတယ်။
ဒါဟာ ၁၉၉၂-၉၃ ရာသီနောက်ပိုင်း မန်ယူအသင်းရဲ့ အဆိုးရွားဆုံး ပရီးမီးယားလိဂ် စတင်မှု ရလဒ်နဲ့ ထပ်တူညီသွားခဲ့တာပါ။
၁၀ ယောက်တည်းရှိတဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲအပြီးမှာ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။
ပွဲမစမီမှာလည်း ကလပ်အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာ မိသားစုနဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် တို့ကို ဆန့်ကျင်ပြီး အိုးထရက်ဖို့ဒ်ကွင်းပြင်ပမှာ ပရိသတ်အမြောက်အမြားက ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပွဲတွေကို '1958 Group' နဲ့ 'The Red Army' ပရိသတ် အဖွဲ့အစည်းတွေက ဦးဆောင်ခဲ့ကြပါတယ်။
လက်မှတ်ရောင်းချမှု စုံစမ်းစစ်ဆေးမှုတွေနဲ့ ပရိသတ်တွေအပေါ် ဆက်ဆံပုံတွေကို မကျေနပ်ကြလို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်းလည်း သူတို့က ဆိုကြပါတယ်။











