ချီလီတွင် အစိုးရဆန့်ကျင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲ
ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့တော်မှာ နိုဝင်ဘာ ၁၈ ရက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လူစုခွဲဖို့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ပြီး ရေအမြောက်တွေ သုံးခဲ့ပါတယ်။
အစိုးရက တင်သွင်းတဲ့ ၂၀၂၇ ဘတ်ဂျက်အတွင်း အသုံးစရိတ် လျှော့ချ ဖြတ်တောက်မှုတွေကို ဆန္ဒပြ ကန့်ကွက်နေကြတာပါ။
ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ အမျိုးသားအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ အီမာဆန် ဂါရီဒိုက ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေကို ထိခိုက်စေမဲ့ ဘတ်ဂျက်ဖြတ်တောက်မှုတွေကို ထပ်လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဘတ်ဂျက်ညှိနှိုင်းပြင်ဆင်ရေး ဥပဒေက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အစိုးရက ဆောင်ရွက်ပေးသင့်တယ်လို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
သမ္မတ ဟိုဆေး အန်တိုနီယို ကက်စ်က ၂၀၂၇ ခုနှစ်အတွက် ပထမဆုံး ဘတ်ဂျက်ဥပဒေကြမ်းကို စက်တင်ဘာ ၃၀ ရက်မှာ လွှတ်တော်ဆီ ပေးပို့ခဲ့ပြီး လွှတ်တော်အမတ်တွေအနေနဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့ ရက်ပေါင်း ၆၀ အချိန်ရထားပါတယ်။
Source: Reuters











