DVB Logo
Home
နိုင်ငံတကာ
ချက်နိုင်ငံရှိ ဘုရားကျောင်းမှ နှစ် ၈၀၀ ကျော် သက်တမ်းရှိ သူတော်စင်ဦးခေါင်းခွံ ခိုးယူခံရ
DVB
·
May 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ချက်သမ္မတနိုင်ငံ မြောက်ပိုင်းက ဘုရားကျောင်းတခုမှာ ပြသထားတဲ့ နှစ်ပေါင်း ၈၀၀ ကျော် သက်တမ်းရှိ လမ်းဘာ့ခ် ရဲတိုက်သခင်မ “သူတော်စင် ဇဒစ်စ်လာဗာ” ရဲ့ ဦးခေါင်းရိုးခွံကို အမည်မသိ သူခိုးတယောက်က မေ ၁၂ ရက်မှာ ခိုးယူထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က မေ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပရာ့ဂ်မြို့မြောက်ဘက် ၁၁၀ ကီလိုမီတာ (၆၈ မိုင်) အကွာက ယာဘလွန်းနဗ် ပေါ့ဒ်ယက်စ်တယ်ဒီ မြို့ရှိ စိန့်လောရန့်စ်နဲ့ စိန့်ဇဒစ်စ်လာဗာ ရိုမန်ကက်သလစ် ဘုရားကျောင်းရဲ့ ထိုင်ခုံတန်းတွေကြား ကနေ တကိုယ်လုံး အနက်ရောင်ဝတ်ထားတဲ့ လူပုံရိပ်တခုဟာ သူတော်စင်ရဲ့ ဦးခေါင်းခွံကို ကိုင်ဆောင်ပြီး ပြေးထွက်သွားတာကို ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ မှုန်ဝါးဝါး လုံခြုံရေးကင်မရာ ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။

“ဒါဟာ တကယ့်ကို စိတ်ပျက်စရာ သတင်းပါပဲ” လို့ ပရာ့ဂ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး စတန်ညိစ်လာ့ဗ် ပရိဘီးလ်က မိန့်ဆိုပါတယ်။

“ဒီဦးခေါင်းခွံဟာ ဘုရားဖူးတွေ ကြည်ညိုရာ အထွတ်အမြတ် ဖြစ်ပါတယ်။ သမိုင်းတန်ဖိုးရော ဘာသာရေးယုံကြည်မှုအရပါ တန်ဖိုးဖြတ်မရတဲ့ ဒီလိုအမွေအနှစ်ကို နေ့ခင်းကြောင်တောင် ဘုရားကျောင်းထဲကနေ ခိုးသွားတာကို မယုံနိုင်အောင်ပါပဲ” လို့ ဘုန်းတော်ကြီးက မိန့်ပါတယ်။

ရဲတပ်ဖွဲ့က သံသယရှိသူကို အမျိုးသားတယောက်လို့ သတ်မှတ်ထားပေမဲ့ နောက်ပိုင်းမှာ ပြောရေးဆိုခွင့်ရှိသူတယောက်က “အတိအကျ မသေချာသေးဘဲ လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို ဆက်လက်စစ်ဆေးနေတယ်” လို့ ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013