
အလယ်ဥရောပဒေသ ချက်သမ္မတနိုင်ငံမှာ ကာလကြာရှည် ခြောက်သွေ့နေတဲ့ ရာသီဥတုကြောင့် အဓိကမြစ်တွေနဲ့ ရေလှောင်ကန်တွေက ရေမျက်နှာပြင်တွေဟာ အခုနွေရာသီမှာ စံချိန်တင် အနိမ့်ဆုံး ဆီ ရောက်ခဲ့ပါတယ်။
ဗယ်လ်တာဗာမြစ်ပေါ်က အော်လစ်ခ်ရေကာတာကနေ ပရာ့ဂ်မြို့တော်ဆီ ရေအထောက်အပံ့တွေ စီးဆင်းနေဖို့လိုအပ်လို့ ရေလှောင်ကန်မှာ ရေမျက်နှာပြင် တဖြည်းဖြည်း ကျဆင်းနေတာပါ။
ချက်သမ္မတနိုင်ငံက ဆည်ကြီးတခုမှာတော့ ရေမျက်နှာပြင်ကျဆင်းမှုကြောင့် ရွက်လှေပိုင်ရှင်တွေက ခုအပတ်ထဲမှာ သူတို့ရဲ့ လှေတွေကို ကရိန်းနဲ့ မတင်ပြီး ဆွဲထုတ်ခဲ့ရပါတယ်။
ရေမျက်နှာပြင်နိမ့်ကျမှုကြောင့် လှေတွေကို ကြိုးနဲ့ ချည်နှောင်ဖို့ခက်ခဲပြီး အန္တရာယ်များတဲ့ လုပ်ငန်းစဉ် တခုဖြစ်စေတယ်လို့ ကရိန်းအော်ပရေတာ ဂျိုးဇက်ဖ် နိုဗက်ခ်က ပြောပါတယ်။
လှေကို ဂရုတစိုက် ကြိုးနဲ့ ချည်နှောင်ထားချိန်မှာ ရေကာတာရဲ့ ကွန်ကရစ်မျက်နှာပြင်ကနေ လက်မနည်းနည်း အကွာမှာ ရှိနေပါတယ်။
ရေလှောင်ကန်ကို ပြန်ဖြည့်တင်းဖို့ မိုးအများကြီး ရွာဖို့လိုမယ်လို့ ရေအရင်းအမြစ် စီမံခန့်ခွဲမှု ဒါရိုက်တာတိုမတ်စ် ကန်ဒစ်ခ်က ပြောပါတယ်။
Source:Reuters











