
အီရန်နိုင်ငံရဲ့ အဓိပတိ ခေါင်းဆောင်ကြီး မို့ဂျ်တာဘာ ခါမေနီနဲ့ ဆက်သွယ်ရတာ အခုအချိန်မှာ သိပ်ကို ခက်ခဲပါတယ်လို့ အီရန်သမ္မတ မာဆွဒ် ပေဇက်ရှ်ကီယန်က ဩဂုတ် ၅ ရက်မှာ နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပါတယ်။
“ဘာပဲဖြစ်ဖြစ် သူရှိနေတာကိုက ကျနော်တို့အတွက် အလွန်အားကောင်းတဲ့ ခွန်အားတခုဖြစ်ပြီး လုပ်ငန်းတွေကို ဆက်လုပ်ဆောင်နိုင်စေပါတယ်” လို့ အီရန်သမ္မတ မာဆွဒ် ပေဇက်ရှ်ကီယန်က ပြောပါတယ်။
မို့ဂျ်တာဘာဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး တိုက်ခိုက်မှုတွေထဲမှာ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့ဖခင် အယာတိုလာ အလီ ခါမေနီရဲ့ နေရာမှာ ခေါင်းဆောင်သစ် ဖြစ်လာခဲ့ပြီးနောက်ပိုင်း လူထုရှေ့ကို လုံးဝ ထွက်မလာသေးပါဘူး။
မို့ဂျ်တာဘာ ခါမေနီဟာ သူ့ရဲ့ဖခင် သေဆုံးခဲ့ရတဲ့ အဲဒီတိုက်ခိုက်မှုမှာ မျက်နှာနဲ့ ခြေထောက်တို့မှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သူ့ရဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ ၃ ယောက်က ရိုက်တာသတင်းဌာနကို ဧပြီလတုန်းက ပြောကြားထားပါတယ်။
Source: Reuters










