ရန်သူ့ဘက်က လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ အကြီးအကျယ် ပျက်စီးသွားပြီဖြစ်လို့ အခုဆိုရင် ရန်သူဟာ “ချောက်ကမ်းပါးအစွန်း” ကို ရောက်နေပြီလို့ အီရန် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်မ်ဇိုလ်ဖှာဂါရီက မတ် ၁၇ ရက်မှာ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
အခုတိုက်ခိုက်မှုတွေဟာ အဓိပတိခေါင်းဆောင် အယာတိုလာ ဆယဒ်မိုဂျ်တာဘာ ခါမေနီနဲ့ အီရန်ပြည်သူတွေရဲ့ ပြတ်သားတဲ့ ဆန္ဒကိုထင်ဟပ်နေတာလို့ အီရန်ရဲ့ ခါတမ်အလ်-အန်ဘီယာ အခြေစိုက်စခန်း ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုလ်ဖာဂါရီက ပြောပါတယ်။
သူတို့ စိတ်ကြိုက်၊ သူတို့အလိုကျ စီမံခန့်ခွဲနိုင်တဲ့ခေတ်က ကုန်သွားပါပြီး ဒါဟာ အီရန်ပြည်သူတွေရဲ့ ငြင်းပယ်လို့မရတဲ့ တရားဝင်ရပိုင်ခွင့်ပေါ်မှာ အခြေခံတဲ့ အမိန့်အာဏာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
အီရန် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်မ် ဇိုလ်ဖှာဂါရီက “အမေရိကန်သမ္မတကို သတင်းစကားပါးချင်တာကတော့ စစ်ပွဲရဲ့ရလဒ်ကို တွစ်တာပေါ်က တွိတာတွေ၊ စာသားတွေနဲ့ပဲ ဆုံးဖြတ်လို့ မရပါဘူး။ စစ်ပွဲရဲ့ အဖြေဆိုတာ အမေရိကန်တပ်တွေ “အနားတောင် မကပ်ရဲတဲ့ စစ်မြေပြင်မှာပဲ ပေါ်တာပါ။ ဒီစစ်ပွဲကို 'Epic Fury' (မဟာဒေါသ) အစား 'Epic Fear' (မဟာငကြောက်) လို့သာ နာမည်ပေးလိုက်ရင် ပိုကောင်းပါဦးမယ်”လို့ ပြောပါတယ်။
တဖက်မှာလည်း အီရန်ဟာ အင်္ဂါနေ့မှာပဲ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကို ထပ်မံတိုက်ခိုက် ခဲ့ပါတယ်။
ဒီလို အမေရိကန်ရဲ့ ပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေအပေါ် တိုက်ခိုက်တာကို မမျှော်လင့်ထားဘူးလို့ သမ္မတ ထရမ့်ပ် က ပြောထားပေမဲ့ ဒီပဋိပက္ခမတိုင်ခင်ကတည်းက သူ့ကို ကြိုတင် သတိပေးချက်တွေ ရှိထားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
Source: Reuters










