
နေ့စဉ်အသုံးပြုနေတဲ့ ကုန်ပစ္စည်း၊ အမှတ်တံဆိပ်နဲ့ ဝန်ဆောင်မှုတွေထဲမှာ မြန်မာ စစ်အာဏာရှင်တပ်နဲ့ ဆက်နွှယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်နေသလားဆိုတာ သိရှိနိုင်ဖို့ DVB က “Boycott List Checker” Dashboard ကို ဖန်တီးထားပါတယ်။
ဒီ Dashboard ဟာ Burma Campaign UK နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MOPFI) တို့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ပြန်လည်စုစည်းထားပြီး အသုံးပြုသူတွေအနေနဲ့ တနေရာတည်းမှာ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
ဘယ်ကုမ္ပဏီတွေ ပါဝင်သလဲ?
ဘယ်လိုဆက်စပ်မှုတွေ ရှိသလဲ?
ကိုယ်အသုံးပြုနေတဲ့ Brand / Company က စာရင်းထဲမှာ ပါဝင်နေသလား?၊ သိချင်တဲ့ ကုမ္ပဏီအမည်ကို ကိုယ်တိုင် ရှာဖွေစစ်ဆေးနိုင်ပါတယ်။
Boycott List Checker ကို အောက်ပါ လင့်မှာ ဝင်ကြည့်နိုင်ပါတယ်။











