စစ်အာဏာရှင်တပ်က ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ စစ်ရေးလေကျင့်မည်

စစ်အာဏာရှင်တပ်ဟာ လာမဲ့ နိုဝင်ဘာ ၂၅ ရက်ကနေ ၂၉ ရက်အထိ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်း ပြုလုပ်သွားမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ သတင်းစာကနေ နို၀င်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီလေ့ကျင့်ခန်းမှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းတွေအပြင် လက်နက် လေ့ကျင့်ပစ်ခတ်တာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ရေကြောင်းသတိပေးချက်နဲ့ လေကြောင်းသတိပေးချက်တွေကို ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
သတ်မှတ်ထားတဲ့ လေ့ကျင့်ခန်းဧရိယာကတော့ မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် (Point A)၊ မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ် (Point B)၊ မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ် (Point C) နဲ့ မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် (Point D) တို့ကို ဆက်ဆွဲထားတဲ့နေရာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်နေတဲ့ကာလအတွင်း ဘေးကင်းလုံခြုံဖို့အတွက် သတ်မှတ်ဧရိယာရဲ့ ၅ မိုင်ပတ်လည်မှာ သင်္ဘောကြီး/ငယ်တွေ၊ ကုန်တင်ရေယာဉ်နဲ့ စက်လှေတွေ၊ ငါးဖမ်းလှေတွေနဲ့ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာတာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာနဲ့ ငါးဖမ်းကိရိယာတွေ ချထားတာမျိုး မလုပ်ကြဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ဒါ့အပြင် လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ အနေနဲ့လည်း အဲဒီဧရိယာပေါ်မှာ အမြင့်ပေ ၁၅,၀၀၀ အောက် ဖြတ်ကျော်ပျံသန်းတာမျိုး မလုပ်ကြဖို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
Source: MOI











