DVB Logo
Home
မြန်မာသတင်း
အောက်တိုဘာလအတွင်း စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၅ ဦး သေဆုံး
DVB
·
November 11, 2026
Photo : DVB
Photo : DVB
Donate to DVB

၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်းမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄၅ ယောက် သေဆုံးပြီး ၃၁၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က နို၀င်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးက ၃၇ ယောက်၊ ကလေး ၂၂ ယောက် ရှိပြီး ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး ၄၂ ယောက်၊ ကလေး ၃၄ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၆၁ ခု၊ တိုက်ခိုက်မှုအကြိမ်ရေး ၃၄၇ ကြိမ် ရှိပြီး တိုက်ခိုက်မှုရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ အရပ်ဘက်များရှိရာဘက်ကို ပစ်မှတ်ထား ဗုံးကြဲတာလို့ အစီရင်ခံစာမှာ ထောက်ပြပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုအများဆုံးက စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ချင်း၊ ကရင်နီ၊ ပဲခူး၊ မွန်နဲ့ ကရင်ပြည်နယ် မှာတော့ ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုပုံစံကို ကြည့်ရင် အရပ်ဘက်ဆိုင်ရာနေရာ၊ လူနေအဆောက်အအုံ၊ စစ်ဘေးရှောင်စခန်းနဲ့ အခြေခံအဆောက်အအုံတွေကို အများဆုံး ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြပါတယ်။

အောက်တိုဘာလ လေကြောင်းတိုက်ခိုက်မှုထဲ ဂျက်တိုက်လေယာဉ်တွေကို အဓိကအသုံးပြုပေးမဲ့ စစ်ဆင်ရေးနယ်မြေဒေသနဲ့ လေကြောင်းဗျူဟာ လိုအပ်ချက်အလိုက် Y-12၊ Mi-35၊ Paramotor၊ Gyrocopter နဲ့ အသေခံဒရုန်းတွေကို ပေါင်းစပ်အသုံးပြုတာ တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးကျယ်ပြန့်မှုအပေါ် မူတည်ပြီး နေရာဒေသအလိုက် လေကြောင်းတိုက်ခိုက်နိုင်ဖို့ စစ်လေယာဉ်၊ လေယာဉ်ဆီ၊ လက်နက်ခဲယမ်းတွေကို အချိန်နဲ့ တပြေးညီ ရွှေ့ပြောင်းတာနဲ့ ဖြည့်ဆည်းတာတွေကို စစ်အာဏာရှင်လေတပ်စခန်းအားလုံးမှာ ပြုလုပ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ဆင်ရေးမှာ တိုက်ခိုက်တဲ့လေယာဉ်အမျိုးအစားကြည့်ရင် FTC – 2000G ၂၉ ကြိမ်၊ Yak – 130 ၁၁ ကြိမ်၊ K-8 ၆ ကြိမ်၊ ရုရှားလုပ် MiG – 29 ၃ ကြိမ်၊ JF – 17 ၁ ကြိမ်၊ A -5 ၁ ကြိမ်၊ Unknown Jet Fighter ၄၁ ကြိမ်၊ Y-12/Mi-35/Pare/Gyro/Drone ၆၅ ကြိမ် တိုက်ခိုက်ပြီး လေကြောင်းလက်နက် ၇၅၃ ကြိမ် အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေကြောင်းအသုံးပြုမှုမှာ မိတ္ထီလာရှမ်းတဲလေတပ်စခန်းက ၃၃ ကြိမ် အများဆုံး ဖြစ်ပြီး၊ တံတားဦးလေတပ်စခန်း ၂၂ ကြိမ်၊ မကွေးလေတပ်စခန်း ၂၁ ကြိမ်၊ နေပြည်တော်လေတပ်စခန်း ၁၅ ကြိမ် ရှိပါတယ်။

မြိတ်လေတပ်စခန်းနဲ့ ဟုမလင်းလေတပ်စခန်း ၅ ကြိမ်စီ၊ နမ့်စန်လေတပ်စခန်း ၃ ကြိမ်၊ မှော်ဘီ လေတပ်စခန်းနဲ့ တောင်ငူလေတပ်စခန်း ၁ ကြိမ်စီ အသုံးပြုခဲ့ပါတယ်။

တိုက်ပွဲအရှိန် မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ အရပ်ဘက်ဆိုင်ရာပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ပိုမိုများပြားနိုင်မယ်လို့ သုံးသပ်ထားပါတယ်။

ဒီဒေသတွေမှာ နေထိုင်တဲ့ အများပြည်သူအတွက် အရေးပေါ် လေကြောင်းရန် ကြိုတင် သတိပေး စနစ်တွေ ပိုမိုထိရောက်စွာ ပြင်ဆင်ဆောင်ရွက်ဖို့နဲ့ အသိပညာပေးမှုတွေ တိုးမြှင့် လုပ်ဆောင် ပေးဖို့ လိုအပ်နေပါတယ်။

ဒါ့အပြင် ကုန်စည်ကူးသန်းရာနေရာ၊ ဆေးရုံဆေးပေးခန်း၊ စာသင်ကျောင်းနဲ့ သာသနိက အဆောက်အအုံနေရာမှာတော့ လေကြောင်းစောင့်ကြည့်သတိပေးမှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေဟာ နေ့စဉ်နဲ့ အမျှ ထိတ်လန့်ခြောက်လှန့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဒီအစီရင်ခံစာပါ အချက်အလက်တွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေကို မီးမောင်း ထိုးပြနေတာဖြစ်ပြီး၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ ထိရောက်တဲ့ အကူအညီတွေကို ပိုမိုလိုအပ် နေကြောင်း ဖော်ပြနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013