DVB Logo
Home
မြန်မာသတင်း
၃ လအတွင်း စစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၃ ခုရှိပြီး အရပ်သား ၂၀၀ ကျော် သေဆုံး
DVB
·
November 13, 2026
Photo: NLTA
Photo: NLTA
Donate to DVB

၂၀၂၆ ခုနှစ် ဇူလိုင်ကနေ စက်တင်ဘာလအထိ ၃ လတာအတွင်းမှာ မြန်မာပြည်တဝန်း လူ ၅ ယောက်နဲ့အထက် သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ် ၂၃ ခု ဖြစ်ခဲ့တယ်လို့ နို၀င်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ Nyan Lynn Thit Analytica ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီ ၃ လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သားပြည်သူ ၂၀၇ ယောက် သေဆုံးခဲ့ပြီး အများစုကတော့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့ ဆိုပါတယ်။

ဒုတိယအများဆုံးကတော့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းထိုး၀င်ရောက်မှုမှာ သတ်ဖြတ်ခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်တပ်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ဟာ မြို့နယ်ပေါင်း ၂၂ မြို့နယ်မှာ ဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှု အများဆုံးက ရခိုင်ပြည်နယ်မှာ ၇၇ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၃၆ ယောက်၊ မန္တလေးတိုင်းမှာ ၂၂ ယောက် စုစုပေါင်း သေဆုံးသူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။

အစီရင်ခံစာရဲ့ ဖော်ပြမှုအရ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်နဲ့ စစ်ကိုင်းမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ် ၄ ခုစီ ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်း ဖြစ်စဉ်ဟာ လူအသေအပျောက်အများဆုံးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်တပ်နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုး ၀င်ရောက်တဲ့ဒေသတွေမှာ အရပ်သားတွေကို ဖမ်းဆီးတာ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာ၊ လူသားဒိုင်းအဖြစ် စစ်ကြောင်းတလျှောက် ဖမ်းဆီး ခေါ်ဆောင် သတ်ဖြတ်တာနဲ့ ကျေးရွာတွေကို မီးရှို့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို စစ်အာဏာရှင်ဘက်က ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တွေအပြင် တခြားကျူးလွန်တဲ့ အဖွဲ့အမည်မသိရတဲ့ ဖြစ်စဉ်တွေကို လေ့လာဆန်းစစ်ထားတယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေကို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ ၄၃ ခုရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး ထုတ်နုတ်တင်ပြထားတာ ဖြစ်ပါတယ်။

Nyan Lynn Thit Analytica (NLTA) အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ပဋိပက္ခနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကို သုတေသနပြုလုပ်ပြီး အစီရင်ခံစာတွေ၊ အချက်အလက်နဲ့ မူဝါဒဆိုင်ရာ သုံးသပ်ချက်တွေကို ထုတ်ပြန်ပေးနေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013