DVB Logo
Home
နိုင်ငံတကာ
မဟာဗျူဟာမြောက် သိုလှောင်ထားသည့် ရေနံစည် ၃၂၅ သန်းကို ထုတ်သုံးခဲ့ဟု IEA ပြော
DVB
·
October 5, 2026
Photo: CCTV, CGTN
Photo: CCTV, CGTN
Donate to DVB

မဟာဗျူဟာမြောက် သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း ၃၂၅ သန်းလောက်ကို ထုတ်သုံးခဲ့ပြီးပြီလို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က အောက်တိုဘာ ၃ ရက်မှာ ပြောပါတယ်။

ဒီပမာဏဟာ  မတ်လအတွင်း IEA က ကြေညာခဲ့တဲ့ စုပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ကနဦး ကတိပြုထားတဲ့ ရေနံစည်ပေါင်း သန်း ၄၀၀ ထဲက ၈၀ ရာခိုင်နှုန်းကျော်နဲ့ ညီမျှပါတယ်။

ဟော်မုဇ်ရေလက်ကြား အရေးအခင်းကြောင့် စွမ်းအင်ဈေးကွက်အပေါ် သက်ရောက်မှုတွေ၊ အထူးသဖြင့် ဒီဇယ်ဈေးကွက်အပေါ် သက်ရောက်မှုတွေက ပြင်းထန်ဆဲဖြစ်တယ်လို့ IEA အမှုဆောင်ဒါရိုက်တာ ဖာတီဘီရိုလ်က သောကြာနေ့မှာလုပ်တဲ့ G7 ခေါင်းဆောင်တွေရဲ့ အွန်လိုင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

သူက စွမ်းအင်ဖူလုံရေးကို အထောက်အကူပြုဖို့ IEA ရဲ့ ဆက်လက်ဆောင်ရွက်နေမှုတွေကိုလည်း အလေးပေး ပြောခဲ့ပါတယ်။

G7 အဖွဲ့ဟာ IEA နဲ့ပေါင်းပြီး လာမဲ့ ၄ လအတွင်း ဒီဇယ်နဲ့ တခြားရေနံသိုလှောင်ပစ္စည်း စည်ပေါင်း သန်း ၁၀၀ အထိ ထုတ်သုံးသွားမယ်လို့ သောကြာနေ့က အီလီဇယ် နန်းတော်ကနေ ထုတ်ပြန်ခဲ့တဲ့ G7 ခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

မတ် ၁၁ ရက်မှာ IEA အဖွဲ့ဝင် ၃၂ နိုင်ငံတို့က အရေးပေါ်သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း သန်း ၄၀၀ ကို ဈေးကွက်အတွင်း ထုတ်သုံးဖို့ တညီတညွတ်တည်း သဘောတူခဲ့ကြပြီး ဒီလုပ်ဆောင်ချက်က IEA ရဲ့ သမိုင်းတလျှောက် အကြီးမားဆုံးသော လုပ်ဆောင်ချက်တခု ဖြစ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013