DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်ငွေလိမ်လုပ်ငန်းကိစ္စကြောင့် ဗိုလ်ချုပ်ပြည့်စုံလင်းကို ရာထူးတိုးပေးရန် စိစစ်နေ
DVB
·
April 5, 2026
Photo - Military
Photo - Military
Donate to DVB

လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ပြည့်စုံလင်းကို မင်္ဂလာဒုံမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ ပါဝင်ပတ်သက်မှု ရှိ/မရှိ စိစစ်နေတာကြောင့် ဒုဗိုလ်ချုပ်ကြီးအဆင့်ကို ရာထူးတိုးမပေးသေးဘူးလို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၂ ရက်က လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်ခဲ့ပေမဲ့ စရဖ အဖွဲ့က မင်္ဂလာဒုံမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းမှာ ပါဝင်မှုပတ်သက်မှု ရှိ/မရှိ စုံစမ်းနေတာကြောင့် ရာထူးတိုးမပေးသေးတာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“မင်္ဂလာဒုံတပ်နယ်မှာဖြစ်တဲ့ ကျားဖြန့်ကိစွမှာ ဒုဗိုလ်မှူးကြီး သိုက်ထွန်း နဲ့ ဗိုလ်မှူး ဝင်းကျော်ဦးတို့ကို စရဖ က ဖမ်းဆီးစစ်ဆေးတဲ့အချိန်က ဗိုလ်ချုပ်ပြည့်စုံလင်း ရန်ကုန်တိုင်းကို တာဝန်ယူထားတဲ့အချိန်ဆိုတော့ သူ့ကို လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်ထားပေမဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့်ကို တိုးမပေးသေးဘူး၊ အခုချိန်ထိ ဗိုလ်ချုပ်အဆင့်မှာပဲထားတယ်။ ကျားဖြန့်ကိစွမှာ သူမပါမှ ရာထူးတိုးမှာ။” 

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က အမှတ် ၂ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအကူတပ် (ရန်ကုန်) က ထောက်ကြန့်နဲ့ မင်္ဂလာဒုံမှာဖြစ်နေတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး သိုက်ထွန်း နဲ့ စီမံအဖွဲ့ဝင် ၁ ဗိုလ်မှူးဝင်းကျော်ဦးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ကနေ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းကို စစ်ခေါင်းဆောင်က စစ်ထောက်ချုပ်အဖြစ် ခန့်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကို ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်းကို ခန့်ထားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းတပ်နယ်နဲ့နီးစပ်သူတယောက်က “ကျားဖြန့်ကိစွမှာ ပါမပါတော့ မသိဘူး၊ တိုင်းမှူးက အသက်ငယ်ပေမဲ့ အတော်လေးလုပ်ရည်ကိုင်ရည်ရှိတယ်။ ဒါကြောင့်လည်း ရန်ကုန်တိုင်းကိုရောက်ပြီး ခြောက်လအတွင်းမှာ ဗိုလ်ချုပ်အဆင့် တိုးပေးလိုက်တာ။ DSA ၄၀ ကျောင်းဆင်းပါ” လို့  မှတ်ချက်ပေးပါတယ်။

DSA ၄၀ ကျောင်းဆင်းဖြစ်တဲ့ ဗိုလ်ချုပ်ပြည့်စုံလင်းကို စစ်ခေါင်းဆောင်က မတ် ၂ ရက်က လေကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်ကို ခန့်ထားခဲ့ပါတယ်။

မတ် ၂၆ ရက်က ပြုလုပ်တဲ့ ၈၁ နှစ်မြောက်တော်လှန်ရေးနေ့ ကဗျာ၊ ဝတ္ထုတိုဆုချီးမြှင့်ပွဲမှာ ဗိုလ်ချုပ်ပြည့်စုံလင်းမှာ လေကျင့်ရေးအရာရှိချုပ်တာဝန်ယူထားပေမဲ့ ရာထူးမှာ ဗိုလ်ချုပ်အဆင့်ဖြစ်ကြောင်းကို စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းတွေက ဖော်ပြထာပါတယ်။ 

Photo - Military

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013