DVB Logo
Home
နိုင်ငံတကာ
အိမ်ရာအကျပ်အတည်းဆန္ဒပြပွဲများကြောင့် စပိန်ရွေးကောက်ပွဲ အချိန်စောခေါ်ယူ
DVB
·
October 5, 2026
Photo: REUTERS / SPANISH GOVERNMENT TV / SPANISH PARLIAMENT TV / FORTA
Photo: REUTERS / SPANISH GOVERNMENT TV / SPANISH PARLIAMENT TV / FORTA
Donate to DVB

စပိန်နိုင်ငံမှာ အိမ်ရာအကျပ်အတည်းကြောင့် ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန် ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က နိုဝင်ဘာ ၂၉ ရက်မှာ အချိန်စော အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ အောက်တိုဘာ ၅ ရက်မှာ ကြေညာပါတယ်။

မူလက စပိန်အထွေထွေရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် နွေရာသီမတိုင်ခင် ကျင်းပဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဆန်းချက်ဇ်အစိုးရ တင်သွင်းတဲ့ အရေးပေါ်အိမ်ရာအစီအမံတွေကို လွှတ်တော်က အောက်တိုဘာ ၂ ရက်မှာ ပယ်ချခဲ့ပြီးနောက် အချိန်စော ရွေးကောက်ပွဲ ခေါ်လိုက်တာပါ။

ဒီအစီအမံတွေမှာ အခက်အခဲရှိတဲ့ အိမ်ငှားတွေကို ၂၀၃၀ ပြည့်နှစ်အထိ အိမ်ကနေ နှင်မထုတ်ဖို့နဲ့ အိမ်ငှားစာချုပ်တွေ အလိုအလျောက် သက်တမ်းတိုးပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အိမ်ရာဆန္ဒပြပွဲတွေဟာ မက်ဒရစ်မြို့က အသက် ၈၇ နှစ်အရွယ် အမျိုးသမီးတယောက် အိမ်ငှားခ မပေးနိုင်တာကြောင့် နေအိမ်ကနေ နှင်ထုတ်ခံရပြီးနောက် ပိုမိုပြင်းထန်လာခဲ့ပါတယ်။

သူ့ရဲ့ လစဉ်အိမ်ငှားခဟာ ယူရို ၅၀၀ ကနေ ၂,၆၅၀ အထိ တိုးမြှင့်ခံခဲ့ရပြီး နောက်ပိုင်း ယူရို ၁,၆၅၀ အထိ လျှော့ပေးခဲ့ပေမဲ့ သူရတဲ့ လစဉ်ပင်စင်ထက် ယူရို ၃၀၀ ပိုများနေဆဲ ဖြစ်ပါတယ်။

အောက်တိုဘာ ၃ ရက်မှာ စပိန်တနိုင်ငံလုံး မြို့ပေါင်းဒါဇင်များစွာမှာ လူသောင်းနဲ့ချီ ဆန္ဒပြပြီး အိမ်ငှားခနဲ့ အိမ်ကနေ နှင်ထုတ်မှုတွေအပေါ် အစိုးရက ပိုမိုထိရောက်စွာ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဆန်းချက်ဇ်က လက်ရှိမှာ လူနည်းစု ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေရပြီး ဥပဒေတွေ အတည်ပြုနိုင်ဖို့ တခြားပါတီတွေရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။

လက်ရှိစစ်တမ်းတွေမှာ ဆန်းချက်ဇ်ရဲ့ ဆိုရှယ်လစ်ပါတီ နောက်ရောက်နေပါတယ်။ ကွန်ဆာဗေးတစ် ပြည်သူ့ပါတီနဲ့ လက်ယာစွန်း Vox တို့ ပေါင်းပြီး အစိုးရဖွဲ့နိုင်မဲ့ အမတ်အင်အား ရရှိနိုင်တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013